Home သတင်း ကော့ကရိတ် ရန်ကုတ်ကျေးရွာ စစ်တပ်ကာကင်းစခန်းကို KNLA မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်နေ

ကော့ကရိတ် ရန်ကုတ်ကျေးရွာ စစ်တပ်ကာကင်းစခန်းကို KNLA မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်နေ

781
Photo: Social Media

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြောက်ပိုင်းရှိ ရန်ကုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ကာကင်းစခန်းကို ကရင်အ မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များက အောက်တိုဘာလ နောက်ဆုံး အပတ် မှစတင်ကာ ယနေ့အထိ တိုက်ခိုက်မှုလုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

ဒေသခံများစစ်ဘေးရှောင်နေချိန် ဝင်ရောက်တပ်အထိုင်ချကာကင်းစခန်း တည်ဆောက်ပြီး ကော့ကရိတ်မြို့ မ ကျရှုံးစေရေး ခံစစ်ကာကင်းစခန်း တည်ဆောက်ပြီး နေရာယူထားသည့် အဆိုပါ စစ်ကောင်စီတပ်ကာကင်စခန်း နေရာအား KNLA မဟာမိတ်ပူးပေါင်းတပ်များက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် ယနေ့ နိုဝင်ဘာ ၁၁ ရက်အထိ တိုက်ပွဲရက်ဆက်ပြီးဖြစ်ပွားနေကြောင်း KNLA ပူးပေါင်းတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ဖြစ်နေတာကတော့ အောက်တိုဘာလကတည်းကပဲ။ သူတို့ လက်နက်ကြီးနဲ့ ရွာတွေကိုပစ်ထည့်တယ်။ ဒရုန်းနဲ့ ဗုံးသီးကြဲတယ်။ ရွာသားတွေ ရှောင်ကုန်တော့ သူတို့က ဝင်တပ်စွဲပြီး ကတုတ်တွေ၊ ဘန်ကာတွေ အခိုင် အမာညဆောက်ပြီး ကာကင်းလုပ်တာပါ့။ ဒီဘက်ကလည်း ကော့ကရိတ်ကိုဝင်ဖို့ အဲ့ဒီရန်ကုတ်ကို ဝင်တိုက်နေတာပေါ့။ သူပစ်ကိုယ်ပစ်ပေါ့၊ တိုက်နေတာကတော့” ဟု ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ ရွှေကြက်မင်းဘုန်ကြီးကျောင်းတွင် တပ်စွဲပြီး နောက်တန်းခံစစ်ကွပ်ကဲရေးစခန်း အ ထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုလည်း KNLA မဟာမိတ်ပူးပေါင်းတပ်များ သွားရောက်ပစ်ခတ် တိုက်ခိုက် မှုရှိကြောင်း သိရှိရသည်။

“တတန်ကူးက ရွှေကြက်မင်း ကျောင်းမှာက စစ်ကူရှိတယ်။ စစ်တပ်လူနာတွေနောက်တန်းပြန်ပို့တယ်။ အဲ့ဒီမှာ စစ်သားသစ်တွေရောက်နေတယ်။ မတက်ရဲမတိုက်ရဲကြဘူး။ အာရှလမ်းကို တိုက်ကင်း မထွက်ရဲဘူး။ ဒရုန်းရော၊ လေယာဉ်ရော ပစ်ကူပေးတာတောင်မြေပြင်စစ်ကြောင်း မထွက်ရဲဘူး။ လက်နက်ကြီးနဲ့ပဲ တောင်ပေါ်ကို ရမ်းပစ်၊ ရွာတွေကို ရမ်းပစ်လုပ်နေတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်က ကျုံဒိုး၊ ကိုးတိုင်၊ ရင်ကွဲတောင်၊ ကော့ကရိတ်လမ်းပိုင်းကို တိုက်ကင်း၊ လမ်းကင်းထိုးပြီး နေရာယူထားသော်လည်း KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းများ မကြာခဏ ကြားဖြတ်တိုက်ခိုက် နေသည့် အတွက် နေ့စဉ်ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှု ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်ရှိနေ ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေသည့်အတွက် ဖားအံနှင့်မော်လမြိုင်မြို့များဘက်သို့ ကော့ကရိတ် မြို့ ပေါ် ရပ်ကွက် နေထိုင်သူများ နှင့် ကျေးရွာဒေသခံအချို့ စစ်ဘေးပြန်လည်ရှောင်တိမ်းနေထိုင်ရသူလူဦးရေငါးထောင်ခန့် ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။