ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ရေးပဋိပက္ခများကြောင့် ပျက်စီးသွားသည့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေဖြင့် ထောက်ပံ့ပေးရန် လျာထားကြောင်း စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။
ဩဂုတ်လ(၁၈)ရက်နေ့ကပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မြဝတီမြို့နယ်...