Home သတင်း စစ်ကြောင်းထိုးလာ၍ သရက်ချောင်းဒေသခံ ၃,၀၀၀ ကျော် ထပ်မံစစ်ရှောင်ရ

စစ်ကြောင်းထိုးလာ၍ သရက်ချောင်းဒေသခံ ၃,၀၀၀ ကျော် ထပ်မံစစ်ရှောင်ရ

709
Photo: သရက်ချောင်းမြို့နယ် စစ်ဘေးရှောင်( ပုံဟောင်း)

အောက်တိုဘာ၂၈ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီက အောက်တို ဘာ ၂၅ ရက်နေ့တွင် ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် မြို့နယ်အတွင်းရှိ ဒေသခံ ၃,၀၀၀ ဦးကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ကူညီသူများက ပြောဆိုသည်။

စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွ ကျေးရွာ၊ ပန်းပြင်ကျေးရွာနှင့် မဲနယ်အိုးကျေးရွာများသို့ အောက်တိုဘာ ၂၅ ရက်နေ့မှစ၍ စစ်ကြောင်းထိုး ဝင်ရောက်လာ ခြင်းဖြစ် သည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။

“၂၅ ရက်နေ့မနက်မှာ စပြီးတော့စစ်ကြောင်းထိုးတာ။ စစ်ကြောင်းမထိုးခင် လမ်းကြောင်းရှင်း တဲ့သ ဘောနဲ့ လက်နက်ကြီးတွေ အရင်ပစ်ပြီးမှ ရွာတွေထဲကိုဝင်ပြီး စစ်ကြောင်းထိုးတာ။ သရက် ချောင်းမြို့ နယ်ထဲကရွာတွေက ခဏခဏ စစ်ကြောင်းထိုးခံထိတယ်။ ဒေသခံတွေက လာပြန်နေလိုက် စစ်ကြောင်း ထိုးရင်ပြန်ပြီး ရှောင်လိုက် အတည်တကျ နေထိုင်နေရတာမျိုးတော့ မရှိဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းကြောင်းရှင်းသည့်အနေဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု အကြိမ် ၂၀ ကျော်ပြုလုပ်ခဲ့ပြီး သရက်နှစ်ခွရွာလယ်ရှိ ဘုန်းကြီး ကျောင်းကို လက်နက်ကြီးထိမှန် ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

မြေပြင်စစ်ဘေးရှောင် အနီးကပ်ကူညီသူတစ်ဦးက “စစ်ဘေးရှောင်တွေကတော့ နေရပ်ပြန်လိုက် စစ်ကြောင်း ထိုးရင် ပြန်လာရှောင်လိုက် တော်တော်လေး ဒုက္ခရောက်တယ်။ လက်ရှိမှာတော့ တောတွေထဲမှာနေနေရတယ်။ လတ်တလောက်မှာ စစ်ဘေးရှောင်ထားတဲ့အတွက် စားနပ်ရိက္ခာလုံ လောက်မှုတော့ ရှိသေးတယ်” ဟု ကေအိုင်စီ သို့ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပြောသည်။

အထက်ပါဖြစ်စဉ်နှင့်အလားတူ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ ကျေးရွာများသို့ တပတ်တိတိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ထွက်ခွာပြီးနောက်တွင်လည်း ထိုရွာများရှိ ဒေသခံ ၁၀ ဦး ထက်မနည်းအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

FE5 Tanintharyi ၏ လစဉ် အစီရင်ခံစာများအရ ပြီးခဲ့သည့်စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုများ လက်နက်ကြီး ပစ်ခတ်မှုများအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ စုစုပေါင်း ၆၀,၀၀၀ ဦး အထိရှိလာသည်ဟု သိရသည်။