Home သတင်း YAGI စူပါမုန်တိုင်း စက်ဝန်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းသည့် မြဝတီမြို့တွင် ရေကြီးရေလွှမ်းမှုရှိလာနေ

YAGI စူပါမုန်တိုင်း စက်ဝန်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းသည့် မြဝတီမြို့တွင် ရေကြီးရေလွှမ်းမှုရှိလာနေ

530
Photo: CJ

စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် YAGI စူပါမုန်တိုင်း စက်ဝန်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် သောင်ရင်းမြစ်ရေတိုးလာပြီး ရပ်ကွက်ပိုင်းအချို့တွင် ရေကြီးရေလွှမ်းမှုရှိလာနေသည်ဟု သိရသည်။

မိုးအဆက်မပြတ်ရွာနေသောကြောင့် မြို့တွင်းရပ်ကွက်များဖြစ်သည့် အမှတ် ၁ ရပ်ကွက် ခွန်ဆာဝင်း၊ အမှတ် ၂ ရပ်ကွက်ကြံခင်း၊ အမှတ် ၃ ရပ်ကွက် ကြက်ခတ်တောအောက်ဘက် အာရှလမ်းမအပြင် သောင်ရင်းမြစ်ဘေးရှိ BGF တပ်ဖွဲ့ဂိတ်ဝင်းများနှင့် မြဝတီပြည်သူစစ်ကမ်းကူးဂိတ်ဝင်းများတွင် ရေကြီးရေလွှမ်းနေခြင်းဖြစ်သည်။

လတ်တလော စစ်ကောင်စီတပ်၏ မိုးလေဝသဌာန၏ သတင်းထုတ်ပြန်ထားချက်အရ YAGI စူပါမုန်တိုင်း စက်ဝန်းသက်ရောက်မှုကြောင့် မြန်မာပြည်ကမ်းရိုးတန်းတိုင်းနှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုဆက်ရှိနိုင်သေးကြာင်း ခန့်မှန်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

Photo: CJ