စက်တင်ဘာ (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်ချုပ်ရေးယန္တရားပြန်လည်ထူထောင်ထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လူသူနေထိုင်သူမရှိသေးသည့်နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ပြည်နယ်စစ်အုပ်စုသည် ယခု ၂၀၂၆ ခုနှစ်ထဲ ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးဆိုကာ လုပ်ဆောင်ခဲ့ခြင်းရှိသလို အုပ်ချုပ်ရေးရုံးများ၊ ဘုန်းကြီးကျောင်းများနှင့် ရပ်ကွက်လမ်းဆုံလမ်းမများတွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များကိုတာဝန်ချ စစ်ဆေးမှုများ...