Home သတင်း လက်ဝှေ့ကျော် စိုးလင်းဦး ထိုင်းလက်ဝှေ့သမားကို အလဲထိုး၊ အပိုဆုကြေး ဘတ် ၃ သိန်းခွဲအပြင် အမေရိကန် ဒေါ်လာတစ်သိန်းတန် စာချုပ်ချုပ်ခံရ

လက်ဝှေ့ကျော် စိုးလင်းဦး ထိုင်းလက်ဝှေ့သမားကို အလဲထိုး၊ အပိုဆုကြေး ဘတ် ၃ သိန်းခွဲအပြင် အမေရိကန် ဒေါ်လာတစ်သိန်းတန် စာချုပ်ချုပ်ခံရ

2042
Photo: One Championship

ဇူလိုင်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Lumpinee အားကစားကွင်း၌ ယနေ့ ဇူလိုင်လ ၅ ရက်၊ ည ၈ နာရီအချိန်တွင် ကျင်းပသည့် One Championship ၏ Friday Fight မွေထိုင်းပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းရိုးရာလက်ဝှေ့သမား Pongsiri ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့သမား Pongsiri ကို ဒုတိယအချိန်တွင် ညာပင့်လက်သီးဖြင့် အလဲထိုးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလဲထိုးအနိုင်ရရှိမှုတွင် စိုးလင်းဦးအား ထိုးကြေးနှင့် အပိုဆုကြေးငွေဘတ်ငွေ ၃ သိန်းခွဲ( ကျပ် ၄၀၀ ကျော်) အပြင် အမေရိကန်ဒေါ်လ ၁ သိန်း( ကျပ်သိန်း ၃,၂၀၀ကျော်) တန်စာချုပ်ကို ချုပ်ဆိုကြောင်း One Championship ပရိုမိုးရှင်းက ကြေညာခဲ့သည်။

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးသည် ယခုပွဲအပါအဝင် One Championship ၏ Friday Fight မွေထိုင်းပြိုင်ပွဲတွင် ၃ ပွဲဆက် အလဲထိုးဖြင့် အနိုင်ရရှိခြင်းလည်းဖြစ်သည်။