စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ်စစ်အုပ်စုက လိုင်စင်မဲ့ယာဥ်များကို စစ်ဆေးဖမ်းဆီးမှုများပြားနေပြီး လိုင်စင်မဲ့မော်တော်ယာဥ်သုံးသွားလာသူများ ရပ်နားထားရကြောင်း ဖားအံမြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ဖားအံမြို့ထဲရှိ လူသွားလူလာများသည့်နေရာများတွင် စစ်အုပ်စု ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ရဲတပ်ဖွဲ့များပါ အုပ်စုဖွဲ့ဖမ်းဆီးနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။...