ဇူလိုင်လ ၅ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း နဘုလယ်ဒေသ လဲရှောင်ကျေးရွာအနီးတွင် ယခုလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ် နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ကြား နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်(၅)ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များ၏ ပြောဆိုချက်များ အရသိရသည်။
ထားဝယ်အထူးစီးပွားရေး ဇုံအတွင်းဘက်သို့ တကျော့ပြန် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် အသွားလမ်းတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် ရုတ်တရက်တိုး၍ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားရာကနေ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-DNLA တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့်၎င်းတပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“အခုလက်ရှိမှာ ရေဖြူမှာ စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ဝင်ရောက် လာတယ်။ ရဲဘော်တွေက စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ဖို့ သွားရင်းလမ်းမှာ စစ်ကြောင်း နဲ့တွေ့ပြီး နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့တာ။ အဲ့လိုနဲ့ အထိအခိုက် အကျဆုံးတွေ ဖြစ်ကုန် တယ်။ ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးလိုက်တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဘက်က ယာယီပြန် ဆုတ်ခွာသွားခဲ့ရကြောင်း DNLA က ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် ပင်လယ်အနားနီးသည့် ကျေးရွာ အများစုတွင် အင်အား ထောင်နှင့်ချီဖြည့်တင်းထားပြီး ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးစား လျက်ရှိကြောင်းလည်း မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့-MSRF၏ ပြောရေးဆိုခွင့်ရှိ သူ နိုင်နဂါးက ပြောသည်။
၎င်းက “သူတို့ရဲ့လုပ်ရပ်က သာမန်စစ်ဆင်ရေးမဟုတ်ဘဲ အထူးအရေးကြီးတဲ့ စစ်ဆင်ရေး တစ်ရပ်လို ဆောင်ရွက်တယ်။ ဒါကတော့ ကျနော်တို့ နားလည်တာကတော့ ထားဝယ် ရေနက် ဆိပ်ကမ်းကို စစ်ကောင်စီဘက်က အကောင်ကြီးကြီးနဲ့ နောက်ပြီးတော့ သူတို့ရဲ့ စီးပွားဖက် ရှရှားတွေလာမယ်ဆိုတဲ့ သတင်းတွေကြားထားရတယ်။ အဲ့အတွက် သူတို့ လုံခြုံရေး ပေးတယ်လို့ ကျနော်တို့ ယူဆတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် လက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ထားဝယ်အထူး စီးပွား ရေး ဇုန်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသောကြောင့် အနီးရှိ ရငဲရွာ၊ ကညင် အင်းရွာ၊ ကုန်းသာယာအင်းရွာ၊ ဝက်ချောင်းရွာ၊ ခမောင်းချောင်း နှင့် ထိန်ကြီး ကျေးရွာမှ ဒေသခံများ အနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း နဘု လယ်ဒေသမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ကျေး ရွာများသို့ ပြီးခဲ့သည့်ဇွန်လမှ စတင်ပြီး စစ်ကောင်စီ၏ စစ်ကြောင်းများသည် နည်းမျိုး စုံဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး နှစ်ဖက်စစ်ရေးတင်းမာမှုလည်း ဖြစ်ပေါ်လျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။