ဇူလိုင်လ ၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ လက်အောင်ခံ ပျူစောထီး ခေါင်းဆောင် သင်တန်းဆင်းတစ်ဦးကို ဖမ်းဆီးရမိကြောင်း ယနေ့ ဇူလိုင်လ(၁)ရက်နေ့တွင် ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးမြို့နယ် ကွန်ဒူးကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဇံမင်း(ခေါ်) ခေါင်း ဖြူ ဆိုသူကို ယမန်နေ့ ဇွန်လ(၃၀)ရက်နေ့က ၎င်းနေထိုင်ရာ ကျေးရွာရှိနေအိမ်အတွင်းသို့ တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ခေါင်ဆောင်က ပြောသည်။
၎င်းက “သူ့ရဲ့သတင်းအပိုင်းတွေကို ရထားတာကြာပြီး။ စုံစမ်းသိရှိထားတာလည်း ကြာပြီး။ သူ့ကို ပထမဆုံးအကြိမ် သတိပေးထားတယ်၊ နားမထောင်ဘူး။ ရှေ့ဆက် ဒီအလုပ်ကို လုပ်နေတဲ့ အတွက် ကြောင့် သူရဲ့နေအိမ်မှာပဲ သက်သေခံပစ္စည်းနဲ့တကွ ဖမ်းဆီးရမိခဲ့တယ်။ ပြန်လည် ခုခံချိန်တော့ မရလိုက်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ဖမ်းဆီးရမိသည့် ပျူစောထီးခေါင်းဆောင် ဇံမင်း(ခေါ်) ခေါင်းဖြူဆိုသူကို ရေးဘီလူးအဖွဲ့မှ လက်ပစ်ဗုံး (၂)လုံး လက်ထိပ်တစ်ခုအပါအဝင် အခြားသော အသုံးအဆောင်ပစ္စည်းများနှင့် အတူဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းကို ကြီးလေးသည့် ပစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်းလည်း ရေးဘီလူးခေါင်းဆောင်က ဆက်ပြောသည်။
အဆိုပါ ရေးမြို့နယ်တွင် စစ်ကောင်စီကို အားပေးထောက်ခံပြီး လက်နက်အားကိုးဖြင့် ဒေသခံ လူထု များကို အကျင့်ပျက် ဖိအားပေး ခြိမ်းခြောက်အုပ်ချုပ်နေသည့် ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အပါအဝင် ပျူစောထီး အဖွဲ့ဝင်ဆိုသူများကို ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးခြင်း၊ ပစ်ခတ်ရှင်းလင်းခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။
လက်ရှိတွင်လည်း မွန်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်း၊ ဂိတ်၊ ရဲစခန်း၊ အုပ်ချုပ်ရေး မှူးများ၊ စစ် ကောင်စီတပ်နှင့် ဆက်နွယ်သူများကို နယ်မြေရှိသက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က မကြာခဏ ဝင်ရောက် ပစ်ခတ်ရှင်းလင်းမှုများရှိနေသလို လမ်းပိုင်းတချို့ကိုလည်း နယ်မြေစိုးမိုးမှုများ ပြုလုပ်ထားခြင်းကြောင့် စစ်ကောင်စီတပ်အတွက် လူအင်အား၊ ရိက္ခာစသည့် အဖက်ဖက်မှ ခက်ခဲမှုများရှိလာကြောင်းလည်း တော်လှန် ရေး အင်အားစုဘက်က ပြောသည်။



















