ဖေဖော်ဝါရီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အခြေချ စစ်အုပ်စုဗျူဟာစခန်းကုန်း သိမ်းနိုင်ရေးကြိုးပမ်းနေသည့် တော်လှန်ရေးတပ်များက ဖေဖော်ဝါရီ(၅)ရက်နေ့မှစပြီး တိုက်ပွဲအရှိန်မြှင့်လာသဖြင့် စစ်အုပ်စုက တကျော့ပြန်လေကြောင်းပစ်ကူပေးနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ခုနှစ်က ဖာပွန်မြို့ပေါ်ရှိ စစ်အုပ်စု ခြေမြန်တပ်ရင်း ခမရ-၃၄၃ နှင့်ခြေလျှင်တပ်ရင်း...