Home သတင်း ကေအဲန်ယူနယ်မြေထဲသို့ နှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၈၅၀ ကြိမ်ရှိ

ကေအဲန်ယူနယ်မြေထဲသို့ နှစ်ဝက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၈၅၀ ကြိမ်ရှိ

302

ဇူလိုင် ၁၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများထဲသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအထိ နှစ်ဝက် အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၈၅၀ ကြိမ်ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ၊သတင်းနှင့် ပြန်ကြားရေးဗဟိုက ဇူလိုင် ၁၂ ရက် နေ့တွင်ထုတ်ပြန် ပြောဆိုသည်။

ထို့သို့ လေကြောင်းတိုက်ခိုက်မှုအပြင် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ်၊ ဇွန်ထိ နှစ်ဝက်အတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၀ မျိုးထက်မနည်း ကျူးလွန်ခဲ့သည်ဟု ကေအဲန်ယူ၊ သတင်းနှင့် ပြန်ကြားရေးဗဟိုက ပြုစုထားသည့် မှတ်တမ်းတွင် ပြောဆိုထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီက ပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၂၄၉ ကြိမ်၊ Drone ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁၀၆ ကြိမ်နှင့် သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း ၁၁ ကြိမ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အသံကလည်းကြီးတော့ အဲဒီအချိန်မှာ ဘာအသံမှ မကြားရတော့ဘူး။ နားတွေအူပြီး တစ်ကိုယ်လုံး ထူပူသွား တယ်။ ကျမစိတ်ထင် ကျမတစ်ယောက်ပဲ လက်နက်ကြီး ကျည်ထိမှန်တာ၊ ကျမသမီးလည်းထိတာကို မသိလိုက် ဘူး” ဟု ပြီးခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာရှိ နေအိမ်သို့ လက်နက်ကြီး ထိမှန်ကာ သားအမိနှစ်ဦး ဒဏ်ရာရခဲ့ဖူးသူ နော်တာ့ပေါ်မူက ပြောသည်။

ထို့အပြင် ပြည်သူများ သွားလာအသုံးပြုသည့် လမ်းကို စစ်ကောင်စီက မိုင်းထောင်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မယူဆောင်ခြင်း အတင်းအဓမ္မခိုင်းစေခြင်းနှင့် ပြည်သူ များကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း စသည့်တို့ကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီက အကြိမ်ပေါင်း ၂၃၀၃ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၃၄ ဦး အသက်သေဆုံးခဲ့သည်။ ထို့အပြင် ပြည်သူ ၄၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဦးအကြောင်းမဲ့ ၉၆ ဦး ဖမ်းဆီးခံရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ဘာသာရေးအဆောက်အဦး ဘုရားကျောင်း ၆ကျောင်း၊ ဘုန်းကြီးကျောင်း ၂၃ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ ဆေးပေးခန်း၂ လုံး၊ ဆေးရုံ ၂လုံး ၊ ပြည်သူပိုင်အဆောက်အဦး ၇၉ လုံး၊ စပါးကျီ ပျက်စီးမှု ၃၂ လုံး၊ စိုက်ပျိုးခြံ ၆ ခြံနှင့် အိမ် ၁၀၂၄ လုံး ထက်မနည်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ် ပထမ ၆ လ နှစ်ဝက်တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်းနေဆဲဖြစ်ကာ တိုက်ပွဲအကြိမ်ရေ ၁၈၂၇ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦး ထိခိုက်ဒဏ်ရာရရှိ သွားသည်။

တိုက်ပွဲများကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၈၁ ဦးကျဆုံးပြီး ၂၉၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု နှစ်ဝက် ချုပ်စာရင်းတွင် ဖော်ပြထားသည်။

ယခုလို တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပြည်သူလူထုအပေါ်စစ်ကောင်စီကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကြောင့် ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင် ၇ အတွင်းမှ ပြည်သူ ၁,၂၄၄,၄၁၅ ဦး စစ်ဘေးရှောင်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရကာ ထိုထဲတွင် ကေအဲန်ယူ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းမှ စစ်ရှောင်အများဆုံး ဖြစ်ကြောင်း သိရသည်။