သံလွင်မြစ်ကမ်းဘေးက ရွေးချယ်ခွင့်မဲ့ဘဝများ
နန်းသမော့ဟိ
( မေလ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ )
“အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက အဆင်ပြေတယ်။ အခုတော့ မြစ်ထဲကဟာတွေ စားရင် အဆိပ်ဖြစ်မယ်ဆိုလို့ မစားရဲတော့ဘူး။ တောထဲက ချောင်းငယ်တွေမှာ လိုက်ရှာရတာပေါ့။ အဆင်မပြေရင်တော့ ဝယ်စားရမှာပဲ။...