ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်နှင့် ကျုံဒိုးအခြေစိုက် နယ်ခြားစောင့်တပ်-BGF အမှတ် ၁၀၁၆ တပ်ရင်းမှ ဗိုလ်မြလှိုင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဂျိုင်းမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှ စတင်ပြီး ၇ တိုင်ရွာ၊ ၉တိုင်ရွာဘက်အထိ စစ်ကြောင်း ထိုးနောက်တန်းခံစစ်အဖြစ် စစ်ရေးပြင်ဆင်ဂိတ်ချစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်နှင့် ကျုံဒိုးဒေသခံများ ပြောသည်။
“ကျုံဒိုးအပိုင်မှာဆို ဂျိုင်းတံတားကနေစပြီး ဂိတ်တွေမှာ BGF မြလှိုင်အဖွဲ့၊ မောင်ဝင်းအောင်အဖွဲ့တွေ၊ စစ်တပ်တို့ ရဲ တို့နဲ့ ရှိနေတယ်။ တောင်ပေါ်လမ်းဟောင်းက ဆင်းလာတဲ့ ကားဆိုရင် PDF နဲ့ KNU အဖွဲ့တွေကို ငွေပေး ဆင်း လာလို့ PDF ထောက်ပံ့တဲ့ ကုန်ကားဆိုပြီး ဖမ်းတယ်။ ငွေတောင်းတယ်။ လမ်းမှာ ရာဘာခြံတွေနဲ့ ရွာအပြင် ဘက် တွေမှာ စစ်ကြောင်းကင်းပုန်းတွေ ရှိတယ်။ ကျုံဒိုးနဲ့ အာရှလမ်းကို PDF တွေ တက်မလာနိုင်အာင် ကော့ကရိတ်နဲ့ ကျုံဒိုးကို ၅၄၅/၅၄၆ တပ်နဲ့ BGFနဲ့က နောက်တန်းခံစစ်ပြင်နေတယ်”ဟု စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်က ပြောသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်က ကော့ကရိတ် အာရှလမ်းသစ်နေရာဘက်သို့ လက်နက် ကြီးပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်လုပ်ဆောင်နေသလို ဖားအံဘက်မှတဆင့်ကျုံဒိုးကျေးနယ်နှင့် ကော့ကရိတ် ကျေးနယ်ကျေးရွာများဘက်စစ်ကြောင်း ဝင်ရောက်ဖြန့်ကျက်နေရာယူမှုများ ဆက်ရှိနေကြောင်း သိရသည်။
လတ်တလောတွင်မူ မြဝတီကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ပြည်တွင်းသို့ သယ်ယူပို့ဆောင်နေသည့် ကုန်စည် ကားများ မြဝတီ-ကော့ကရိတ်ဒေါနတာင် လမ်းဟောင်းမှ ထီးဖိုးစံ၊ မြပတိုင်၊ ကျုံဘိုင်း၊ ချောင်းဖျားလမ်းကနေ ကျုံဒိုး၊ ဂျိုင်းတံတားလမ်းပိုင်းမှ ဖားအံမြို့၊ မော်လမြိုင်မြို့ဘက်သို့ သယ်ဆောင်မောင်းနှင်နေကြရပြီး လမ်းပိုင်း ပျက်စီးမှုများကြောင့် ကားပျက်၊ ကားတိမ်းမှောက်မှုများရှိနေကြောင်း ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ စစ်ရေးတင်းမာနေသည့် နယ်မြေဒေသအတွင်းမှ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုမှာ လမ်းကြေး၊ တံ တားကြေး၊ ကျေးရွာလမ်းဖြတ်ခတောင်းခံနေကြသည့်အတွက် လူသုံးကုန်ကုန်ဈေးနှုန်းမြင့်တက်မှု၊ ခရီးသွားကား ခစရိတ် မြင့်တက်မှုများ ကြုံတွေ့နေရကြောင်း ဒေသတွင်းကုန်စည်သယ်ဆောင်နသူများ ပြောဆိုကြသည်။