သြဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်နေ၍ ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာများနှင့် အခြေခံဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်(၃၀) ရက်၊ ညပိုင်းတွင် လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ...