အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မြန်မာပြည်သားအများစုနေထိုင်ရာ ထုံထောင်းရပ်ကွက်ကို ယနေ့၊ အောက်တိုဘာ(၁၇)ရက် မနက်ပိုင်းက ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ အထောက်အထားမဲ့နေထိုင်ကြသူ(၂၀၀)ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထားမရှိဘဲ အဆိုပါရပ်ကွက်နေထိုင်သူများကို အာဏာပိုင်များက အဓိကစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှင့်...