Home သတင်း ဖားအံမြို့တွင် ကရင်လက်နက်ကိုင်အဖွဲ့များပါသည့် ငြိမ်းချမ်းရေးဖလား‌ ‌ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပမည်

ဖားအံမြို့တွင် ကရင်လက်နက်ကိုင်အဖွဲ့များပါသည့် ငြိမ်းချမ်းရေးဖလား‌ ‌ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပမည်

132
Photo: CJ

မတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် စစ်ကောင်စီနှင့် နယ်ခြားစာင့်တပ်-BGF တို့ပူးပေါင်းပြီး လာမည့် မတ်လ ၂၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ ဖားအံမြို့ လှာကမြှင်ရပ်ကွက် ပြည်နယ်အားကစားကွင်းတွင် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲ ပြုလုပ်ကျင်းပမည်ဟု သိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေးဖလား ဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ်အတွင်း အပစ်ရပ် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ- KNU/ KNLA-PC အဖွဲ့အပြင် စစ်တပ်လက်အာက်မှ ကရင်အမျိုးသားတပ်မတော်-KNA ဟု အမည်ပြောင်း ခွဲထွက်မည့်ဟုသတင်းထွက်နေသည့် BGF တပ်ဖွဲ့နှင့် KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ဘောလုံးအသင်းများ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြမည်ဟု မြို့အတွင်း စိုက်ထူထားသော ပိုစတာဆိုင်းဘုတ်တွင် ဖော်ပြထားသည်။

ဖားအံမြို့ခံတစ်ဦးက “အခု ကရင်လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ ကရင်ပြည်နယ် စစ်ကောင်စီဘောလုံး အသင်းနဲ့ ချစ်ကြည်ရေးဘောလုံး ကန်မယ်။ ဆိုင်းဘုတ် ထောင်ထားတာတွေ့တာပါပဲ၊ စစ်ကောင်စီက ကျင်းပတယ်လို့ စာတန်းထိုးထားပေမယ့် ဗိုလ်ချစ်သူက ဦးဆောင်လုပ်တာလို့တော့ သိရတယ်။ လူထုက လည်း သိပ်တော့ထူးပြီး စိတ်မဝင်စားပါဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည် ။

လတ်တလော ကရင်ပြည်နယ်အတွင်း မတ်လ ၇ ရက်မှ ယနေ့ မတ်လ ၁၇ ရက်အထိ စစ်တပ် လေ ကြောင်းမှ နေ့စဉ်ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများကို မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်မြို့နယ်များဘက်တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော်လည်း ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်ချမ်းရေးဖလား ဘောလုံးပြိုင်ပွဲကို စစ်တပ် လက် အောက်က ခွဲထွက်မည့် BGF တပ်နှင့် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် သတင်းကြောင့် ဝေဖန် မှုအချို့ရှိနေကြာင်း သိရှိရသည့်အပေါ် ဘောလုံးပွဲကျင်းပမည့် တာဝန်ရှိသူများကို ကေအိုင်စီက ဆက် သွယ် မေးမြန်းရန်ကြိုးစားနေသော်လည်း ပြန်လည်ဖြေကြားမှုတစ်စုံတရာ မရရှိသေးပါဘူး။

” အဲ့ဘောလုံးပွဲက ဖားအံက ဘောလုံးကန်တဲ့ အသင်းတွေ၊ ရပ်ကွက်က ဘောလုံးကစားတဲ့ကလေး တွေ နဲ့ တော့ ဘာမှမသိရသလို ဘယ်သူမှလည်း မပါပါဘူး။ ပြည်နယ် အား/ကာကလူတွေ သူတို့ စစ်တပ် ထောက်ခံတဲ့ သူတွေရဲ့ ဘောလုံးသမားတွေ နဲ့ ကန်ကြတာမျိုးပဲထင်ပါတယ်။ ဖားအံ ကစားသမား တွေ ကို လူရွေးတာ ၊ ဘောလုံးပွဲရှိတယ်လို့ ပြောတာ ဆက်သွယ်တာတော့ မရှိဘူး ” ဟု အမှတ် ၁ ရပ်ကွက် နေ ဘောလုံးလက်ရွေးစင်ကစားသမားတစ်ဦးက ပြောသည်။

အဆိုပါ ဘောလုံးပွဲ ပြုလုပ်မည့်အပေါ် ဖားအံမြို့ခံများ စိတ်ဝင်စားမှုမရှိဘဲ လတ်တလော ဖားအံ မြို့ပေါ်ရပ်ကွက် နှင့် ကျေးနယ်များတွင် စစ်တပ်ထောက်ခံသူများ နှင့် စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စစ်သားစုဆောင်းသည့် စာရင်းကောက်ယူ မှုများကြောင့် သားသမီးများ စစ်မှုထမ်း ရမည့်ကို စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရှိရသည်။