Home သတင်း စစ်ကောင်စီအား ထိရောက်စွာအရေးယူရန် နိုင်ငံတကာကို ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တောင်းဆို

စစ်ကောင်စီအား ထိရောက်စွာအရေးယူရန် နိုင်ငံတကာကို ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တောင်းဆို

100
Photo: KNU

မတ်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို နိုင်ငံတကာအစိုးရ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ထိရောက်သည့် အရေးယူမှုများပြုလုပ်ပေးရန် ကရင်အရေးပေါ် ကယ်ဆယ် ရေးကော်မတီက ယနေ့ ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ မြို့နယ်ရှိ ကျေးရွာအတွင်းမှ အရပ်သားပြည်သူလူထုများကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်း၊ ငွေညှစ် ရိုက်နှက်ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ စစ်တိုက်လေယာဉ်ဖြင့်် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ပြည်သူ လူထုများနှင့် စစ်ရှောင် ပြည်သူလူထုများ၏ လုံခြုံရေး နှင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်လို အပ်ချက်များရှိလာကြောင်း ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “စစ်ကောင်စီက ပြည်သူတွေကိုနှိပ်စက်နေတာ လက်နက်ကြီးနဲ့ရော လေယာဉ်နဲ့ရော ပြည်သူတွေ ကိုပစ် မှတ်ထား တိုက်ခိုက်မှုအပေါ် လူမှုရေးလှုပ်ရှားတဲ့အဖွဲ့အစည်းဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံး အနေနဲ့ ဒီလိုလုပ်ရပ်တွေ လျော့ပါးသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အမြန်ဆုံးကူညီတင်ပြသွားဖို့လိုတယ်။ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေအားလုံး ဒီကနေ့အထိ ခံစားနေရတယ်။ ပြည်သူအချင်းချင်း လဲဝိုင်းဝန်းပြီး ကူညီဖေးမကြဖို့လိုအပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်မှ ကုန်းလမ်းကြောင်းမှတစ်ဆင့် လှုပ်ရှား သွားလာ မှုနည်းပါးလာပြီး ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းမှ ပြည်သူများနေထိုင်သည့် နေရာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည်ဟု ကျောက်ကြီးမြို့နယ် ဒေသခံများက ပြောဆိုသည်။

Photo: KNU

“စစ်ကောင်စီတပ်ဘက်ကတော့ ကုန်းလမ်းကနေလှုပ်ရှားသွားလာမှုမရှိတော့ဘူး။ သူတို့စခန်းထဲမှာပဲ နေပြီးတော့ ပြည်သူတွေရဲ့ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ချတယ်။ သူတို့ကနေရာ သတ်မှတ်ချက် တွေဘာမှ မထားဘူး။ ပစ်ချင်တဲ့နေရာကို ပစ်ချလိုက်တာပဲ။ အခုဆိုရင်ပြည်သူတွေက ကြောက်ရွံ့စိုးရိမ် စိတ်နဲ့ပဲနေနေရတယ်”ဟု ကျောက်ကြီး ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ပဋိပက္ခများကြောင့် ညောင်လေးပင်ခရိုင်အတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း သိန်းချီရှိ နေသလို စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများလည်း ဆက်လက်လို အပ်လျက်ရှိကြောင်း ကရင်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ယခုနှစ်ဇန်နဝါရီလမှ မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၏ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှု အောက်ရှိ အမြှောက်တပ်နှင့် ကြည်းတပ်၊ လေတပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး အလုံးရေစုစုပေါင်း (၆၀၈)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၃ ဦးသေဆုံးကာ ၄၁ ဦးထိခိုက်ခဲ့ သည့်အပြင် နေအိမ် ၅၄ လုံး၊ သံဃာဆေးရုံ ၁ လုံး၊ ပြည်သူ့ဆေးခန်း ၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးနှင့်အိမ်မွေးတိရစ္ဆာန် နွား ၁၆ ကောင် ထိမှန်သေဆုံးခဲ့သည်ဟု ကေအဲန်ယူဗဟို က သတင်းထုတ်ပြန် ထားသည်။