Home သတင်း ဘုရားသုံးဆူ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့

ဘုရားသုံးဆူ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့

415
Photo: (တောင်ညိုစစ်ကြောင်း)

မတ်လ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့လမ်းဝရှိ သက္ကော့ဂိတ်ကို မတ်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ကစယ့်သူး (တောင်ညိုစစ်ကြောင်း)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီဂိတ်ကို KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ -NUG တောင်ပိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ တောင်ညိုစစ်ကြောင်း၊ မွန်ပြည်သစ်ခွဲထွက် -NMSP (AD) စသည့်ပူးပေါင်းတပ်ဖွဲ့က လက်လုပ်ဒရုန်းဗုံးသီး ၂ လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒရုန်း တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “ မနေ့က ကျနော်တို့ KNLA စစ်ရေးလမ်းညွှန်မှုနဲ့သုံးဆူအဝက စစ်တပ်ဂိတ်ကို ပူးပေါင်းတပ်တွေ နဲ့သွားရောက်တိုက်ခိုက်တာဖြစ်တယ်။ သူတို့ဘက်က ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်။ ဗုံးကြဲခံရတော့ သူတို့ဘက်က သေနတ်နဲ့လိုက်ရမ်းပစ်တာတော့ရှိတယ်။ ကျနော်တို့ဘက်က ထိခိုက်မှုတော့ မရှိဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီဂိတ်မှာ လက်ရှိတွင် လုံခြုံရေးတိုးမြှင့်ချထားပြီး အသွား အလာယာဉ်များကိုလည်း စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်းလည်း ဒရုန်းတပ်ဖွဲ့ဝင်က ပြောဆိုသည်။

စစ်ကောင်စီက အတည်ပြု အသက်သွင်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင် နေ သည့် လူငယ်အများစုမှာ မိမိတို့၏ တပ်ရင်းထံသို့ရောက်ရှိလာခြင်းကြောင့် တပ်သားသစ်ရဲ ဘော်များအတွက် ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်းလည်း တောင်ညိုစစ်ကြောင်းက အသိပေးထုတ်ပြန်ထားသည်။