Home သတင်း KNU တပ်မဟာ(၄)တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကား ၇ စီး မီးလောင်ပျက်စီးပြီး ၃၀ ကျော်သေဆုံး

KNU တပ်မဟာ(၄)တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကား ၇ စီး မီးလောင်ပျက်စီးပြီး ၃၀ ကျော်သေဆုံး

1039
Photo: CJ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်း ဘိတ်-ထားဝယ်ခရိုင်( တပ်မဟာ ၄ နယ်မြေ) လယ်ဒိုစိုး (ထားဝယ်) မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင် တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီလ ၂၁ ရက် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၄)နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီကား(၇)စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်-ထီးခီးလမ်းမ ဝကုန်းရွာ ကျောက်မဲတောင်နှင့် ၂၅ မိုင်ကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသည့် လက်နက်အရေအတွက်အရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးထိခိုက်မှုရှိနိုင်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ယခုလို ပြောသည်။

“စစ်ကောင်စီသေဆုံးတဲ့စာရင်းအတိအကျတော့ မရသေးဘူး။ ဒါပေမယ့် လက်နက်ပေါ်မူတည်ပြီး ကျနော်ကြည့်တာက ရန်သူစစ်ကောင်စီဘက်က အယောက် ၃၀ ကျော်အထက် သေဆုံးတာရှိလောက် တယ်။ ”ဟု ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

Photo: CJ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက ထားဝယ်မြို့မှ စတင်ထွက်ခွာလာသည့် ထို စစ် ကောင်စီတပ်စစ်ကြောင်းသည် ကျောက်မဲတောင် စစ်ကောင်စခန်းသို့ ရိက္ခာနှင့် တပ်အင်အားဖြည့် တင်းရန်အတွက် တက်ရောက်လာခြင်းဖြစ်ကြောင်း၊ KNLA တပ်ရင်း(၁၂)၊ တပ်ရင်း(၁၀) ၊ တပ်ရင်း (၂၇)နှင့် PDF စစ်ကြောင်းများနှင့်ပူးပေါင်းကာ တက်လာသည့် လမ်းတစ်လျှောက်တွင် ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။

၎င်းစစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးသည့်နောက် နှစ်ဖက်တိုက်ပွဲ တနေကုန် ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကူအဖြစ် MI 2 စစ်ရယာဉ်နှင့် ဝကုန်း ကျေးရွာအနီးတစ်ဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံအရပ်သားပြည်သူ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း ဒေသခံထံမှ သိရသည်။