စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်ထဲရှိ ကျေးရွာများတွင် ယခုစက်တင်ဘာလအတွင်း စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်နေပြီး ယနေ့၊ စက်တင်ဘာ(၁၀)ရက်နေ့ မနက်ပိုင်းအထိ အမျိုးသမီး(၁)ဦးအပါအဝင် အရပ်သား(၃)ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။
လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာ သို့ စက်တင်ဘာ(၈)ရက်နေ့မှ စတင်ဝင်ရောက်လာသည့် အင်အား(၁၀၀)ကျော်ပါ...