Home သတင်း မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွား

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွား

159
Photo: Crd.

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-မဲဆောက် သောင်ရင်းမြစ်ဖြတ်ကူးသည့် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်၊ ယနေ့ နံနက်ပိုင်း (၉)နာရီဝန်းကျင်အချိန်ခန့်က အမျိုးသားတစ်ဦး တံတားပေါ် ပြုတ်ကျမှု ဖြစ်ပွားသည်ဟု သိရသည်။

အဆိုပါ ပြုတ်ကျသည့် အမျိုးသားမှာ တံတားတိုင်အောက်ခြေရှိ ကွန်ကရစ်ခင်းထားသည့် နေရာတွင် ပြုတ်ကျခြင်းဖြစ်ပြီး အသက်သေဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသွားသည်ကို တွေ့ရှိရကြောင်း မျက်မြင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “အမျိုးသားတစ်ဦး တံတားပေါ်ကကျတာတော့ မှန်တယ်။ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိရသေးဘူး။ သေတော့မသေသေးဘူး။ ထိခိုက်ဒဏ်ရာရရှိတာတော့ ရှိတယ်။ ကျမတို့လည်း အဝေးကနေ မြင်ရတယ်။ ကြည့်ရတာ ရေထဲတော့ မရောက်ဘူး။ ကုန်းပေါ်မှာကျတော့ အဝေးကနေတွေ့တာက မထနိုင်ဘူး ။ အောက်ပိုင်းတော့ တော်တော်ထိသွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

တံတားပေါ်ပြုတ်ကျသည့် အမျိုးသားမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ချစ်ကြည်ရေးတံတားအောက် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ကြားရှိ ရေလယ်ကျွန်းဘက်တွင် ပြုတ်ကျခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။