Home သတင်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုနည်းအောင်‌ ဒေါနစစ်ကြောင်း ကျည်ကာကမ်ပိန်းပြုလုပ်နေ

တော်လှန်ရေးရဲဘော်များ ထိခိုက်မှုနည်းအောင်‌ ဒေါနစစ်ကြောင်း ကျည်ကာကမ်ပိန်းပြုလုပ်နေ

825
Photo-Dawna Column

ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ ဗုံးသီးများနှင့် လေယာဉ်များကြောင့် တော်လှန် ရေးရဲဘော်အချို့ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကျည်ကာကမ်ပိန်းပြုလျက်ရှိ ကြောင်း ဒေါနစစ်ကြောင်းရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ဗုံးသီးများကြောင့် တော်လှန်ရေးရဲဘော်အများစုသည် ဦးခေါင်းနှင့် ရင်ဘတ်တွင် ကျည်စထိမှန်သဖြင့် မလိုအပ်ဘဲအသက်ဆုံးရှုံးမှုများရှိ‌နေကြောင်း ဒေါန စစ်ကြောင်းမှူး စောဒါးကိုက‌ ကေအိုင်စီသို့ ပြောသည်။

၎င်းက “ရန်သူ(စစ်ကောင်စီ)ကတော့ လက်နက်ကြီးတွေ၊ ဗုံးသီးတွေသုံးတယ်။ တော်တော်များများ လေ ယာဉ်နဲ့ ဗုံးကြဲတာက အဓိက ဦးခေါင်းတွေ၊ ရင်ဘတ်‌တွေထိတာများတယ်။ အချို့ဆို အစဝင်ပြီး မကျဆုံး သင့်ဘဲကျဆုံးသွားတဲ့ရဲဘော်တွေရှိခဲ့တယ်။ အဲ့တာနဲ့ ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုအနည်း ဆုံးဖြစ် အောင် ကျည်ကာနှင့်ဦးထုပ်တပ်ဆင်တယ်”ဟု ပြောသည်။
ထို့အပြင် တော်လှန်ရေးရဲဘော်များအားလုံး လိုအပ်သည့် စစ်အသုံးအဆောင်ပစ္စည်းများကို တပ်ဆင်ရန် ရံပုံ‌ငွေအခက်အခဲများနှင့် ပြည်သူလူထု၏ လှူဒါန်းမှုအပေါ် ချေမှုန်းရေး ရဲဘော်များသာအဓိက တပ်ဆင်နိုင်သေးကြောင်း စောဒါးကိုက ဆက်လက်ပြောသည်။

Photo-Dawna Column

“ကျနော်တို့ဘက်မှာ ရံပုံငွေလုံလောက်မှုမရှိတဲ့အပြင် ပြည်သူလှူဒါန်းမှုအ‌ပေါ် ဦးထုပ်နဲ့ကျည်ကာဟာ အဓိက ချေမှုန်းရေးရဲဘော်တွေ တပ်ဆင်နိုင်သေးတယ်။ ရဲဘော်အယောက်စီတိုင်းကို မတပ်ဆင်နိုင် သေးဘူး”ဟု စောဒါးကိုက ပြောသည်။

ဒေါနစစ်ကြောင်းအနေဖြင့် ယခင်လက ပထမအကြိမ်ပြုလုပ်သည့် ကမ်ပိန်းတွင် ကျည်ကာ ဦးထုပ်အလုံး (၆၀) ရရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ပြုလုပ်သည့် ဦးထုပ်(၂၀)လုံးနှင့် ကျည်ကာ (၂၀)ချပ်မှာမူ မြန်မာငွေသိန်းတစ်ရာ (၁၀၀)သိန်းကျော်ကျသင့်ပြီး လက်ရှိတွင် အလှူငွေသိန်း နှစ်ဆယ်(၂၀)သိန်းသာရရှိသေးကြောင်း စစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ရှေ့တန်းရှိတော်လှန်ရေးရဲဘော်များအားလုံး စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်နိုင် ရေးအတွက် ဆက်လက်ကြိုးစားနေပြီး ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးရဲဘော်၏ အသက်နှင့် ထိခိုက်မှုများ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်လှူဒါန်းပေးကြရန် ဒေါနစစ်ကြောင်းမှူး စောဒါးကိုက မေတ္တာရပ်ခံထားသည်။[caption id=”attachment_84569”