Home သတင်း စစ်တပ်လေကြောင်း၏ နေ့ရောညပါ တိုက်ခိုက်မှုကြောင့် ကော့ကရိတ် ဒေသခံများ ထိခိုက်သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်လေကြောင်း၏ နေ့ရောညပါ တိုက်ခိုက်မှုကြောင့် ကော့ကရိတ် ဒေသခံများ ထိခိုက်သေဆုံးမှု မြင့်တက်လာနေ

791
Photo: CJ

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်တောင်ပိုင်း ကျေးရွာများနှင့် မြို့တွင်း လူနေရပ်ကွက်များအပေါ် နေ့ရော ညပါ စစ်ကောင်စီ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုကြောင့် ဒီဇင်ဘာ ၁ရက်မှ ယနေ့ ၂ ရက်နေ့ နံနက်ပိုင်းအထိ အရပ် သားပြည်သူ ထိခိုက်သေဆုံးသူများပြားလာနေကြောင်း ထိခိုက်ဒဏ်ရာရသူများကို ကျန်းမာရေးအကူအညီပေး နေသူများက ပြောသည်။

ကူညီ‌ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက “မနေ့က ညဘက်လေယာဉ်ကြဲတာ တောင်ပိုင်းရွာဘက်မှာ တစ်ယောက်သေ ၃ ယောက်ဒဏ်ရာရတယ်။ နေ့ဘက် မြို့ထဲမှာနဲ့ အာရှလမ်းက ကားသမားနဲ့ဆို ၆ ယောက်သေတယ်။ ၁၁ ယောက်အစမှန် သေနတ်မှန် ဒဏ်ရာရတယ်။ အခု ၂ ရက်နေ့ညမှာ ရွာသစ်ကုန်း၊ ကမိုင်ကုန်းဘက်၊ သပြေကုန်း အင်း စောင်း အိမ်စုဘက်မှာ ထိခိုက်ဒဏ်ရာရနေတာတွေ ဆေးအကူအညီမရလို့ သေဆုံး တာတွေရှိနေတယ်။ ကယ်ထုတ်ဖို့ ဆေးရုံဆေးခန်းပို့ဖို့ အခက်အခဲ ရှိနေတယ်။ စာရင်း အတိအကျတော့ မပြော နိုင်သေးဘူး”ဟု ကေအိုင်စီ သို့ပြောသည်။

ယမန်နေ့ ကော့ကရိတ်မြို့တွင်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မ တော်-KNLA ပူးပေါင်း တပ်ဘက်မှ အကျအဆုံး နှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို သိရှိရရန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန်နှင့် နှစ်ဖက် စစ်ဆိုင်ထားသည့် နေရာများကို ဆက်လက် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း စစ်ရေးနယ်မြေတာဝန်ရှိသူများက ‌ပြောသည်။

ယခုအချိန်ထိ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်တွင် ကင်းထောက်လေယာဉ် ပျံသန်းမှု နှင့် လေကြောင်း ဗုံးကြဲတိုက် ခိုက်မှု ဆက်ရှိနေသည့်အတွက် ရပ်ကွက်အတွင်း နေအိမ် များတွင် ပိတ်မိနေသည့် ဒေသခံများ ဒဏ်ရာရရှိထား သည့် လူနာများ၊ ဆေးကုသရန် နှင့် နေရပ်စွန့်ခွာ ရှောင်တိမ်းရန် အကူအညီတောင်းခံမှုများ ရှိနေကြောင်း ကော့ကရိတ် လူမှုကူညီရေးလုပ်ဆောင် နေသူများက ပြောသည် ။

Photo: CJ