Home သတင်း ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ နေရပ်မပြန်ရဲသေးဘဲ နယ်စပ်တွင်သာ ဆက်လက်ခိုလှုံနေ

ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ နေရပ်မပြန်ရဲသေးဘဲ နယ်စပ်တွင်သာ ဆက်လက်ခိုလှုံနေ

266
Photo: Crd.

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် တိမ်းရှောင်ခိုလှုံခဲ့ကြသည့် ကရင် နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်မှ စစ်ရှောင်ပြည်သူများသည် ပြီးခဲ့သည့် စက်တင်ဘာ လ ၁၁ ရက်နေ့က ပြန်ပို့ခံရသော်လည်း ယခုအချိန်ထိ နေရပ်ရင်းမပြန်နိုင်သေးဘဲ နယ်စပ် စစ်ရှောင်စခန်းတွင်သာ ဆက်လက်ခိုလှုံနေကြကြောင်း ၎င်းတို့အားအကူအညီပေး သူများက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ကရင်နီ တော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်ကောင်စီတပ်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မယ်စဲ့မြို့နယ်မှ စစ်ဘေးရှောင်အရပ်သားပြည်သူ (၅,၀၀၀) ကျော်သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်သို့ ထွက်ပြေးခိုလှုံခဲ့ကြရခြင်းဖြစ်သည်။

၎င်းစစ်ဘေးရှောင်များထဲမှ (၆၀၀) ကျော်ကို ပြီးခဲ့သည့်စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထိုင်းအစိုးရအာဏာပိုင်များက နေရပ်ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ နေရပ်ရင်းကို မပြန်ရဲသေးသည့်အတွက် နယ်စပ် ယာယီစစ်ရှောင်စခန်းများတွင်သာ ခိုလှုံနေကြကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC အတွင်းရေးမှူး (၂) ကိုဗညားခွန်အောင်က ပြောသည်။

၎င်းက “အခုချိန်ထိအဲ့နားတစ်ခွင်က တိုက်ပွဲတွေရှိနေတုန်းပဲ။ စစ်ကောင်စီက စစ်ကြောင်း ထိုးတာလည်းရှိတယ်။ လေယာဉ်နဲ့ဗုံးကြဲတာတွေလည်းရှိတယ်။ အခုလော လောဆယ် တော့ နယ်စပ်လောက်ထိပဲ ပြန်ခိုလှုံရတဲ့အနေ အထားမှာရှိပါသေးတယ်။ သေချာတာ တစ်ခုကတော့ သူတို့ကရွာကိုပြန်လို့မရသေးဘူး။ နောက်မယ်စဲ့က လည်းတော်တော် လေးပျက်စီးသွားပြီး ”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းစစ်ဘေးရှောင်များသည် လုံခြုံရေး စိတ်မချရသေးသည့်အတွက် နေရပ်မပြန်နိုင်ကြ ခြင်းဖြစ်သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကိုဗညားခွန်အောင်က ဆက်ပြောသည်။

အဆိုပါ နေရပ်ပြန်ပို့ခံရသည့်စစ်ဘေးရှောင်အများစုတွင် အမျိုးသားနှင့် ကျန်းမာရေး ကောင်းမွန်သူများသာဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ မပါဝင်သေး ကြောင်းလည်း သိရသည်။

နယ်စပ်ဒေသတွင် ခိုလှုံနေရသော စစ်ရှောင်များအနေဖြင့် လက်ရှိတွင် နေရာ ထိုင်ခင်း အခက်အခဲများအပြင် စားနပ်ရိက္ခာများနှင့် ဆေးဝါးများလို အပ်လျက်ရှိကြောင်း၊ အစားအ သောက်များသယ်ဆောင်ရာတွင်လည်း ထိုင်းနယ်စပ်များတွင် ယခင်ကထက် လုံခြုံရေး စည်းကမ်းတင်းကြပ်မှုများရှိနေခြင်းကြောင့် လမ်းခရီးအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“ကရင်နီပြည်နယ် အလယ်ပိုင်းကနေ ပို့လို့မရဘူး။ စားနပ်ရိက္ခာတွေရော ဆေးဝါး တွေက အစ ထိုင်းကနေပဲဖြတ်မှရတယ်။ ထိုင်းဘက်ခြမ်းကလည်း တော်တော်လေးကို ကြပ်ထား တာ။ ထင်သလောက်စားနပ်ရိက္ခာတွေဘာမှ သယ်လို့မရဘူး။ နောက်ပြီးတော့ ကျန်းမာ ရေးအတွက်ကလည်း ဆေးဝါးတွေအရမ်းကိုဝယ်ရခက်တယ်။ အဲ့ဒါတွေ အကုန်ပေါင်း လိုက်ရင် သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ နေရေးထိုင်ရေး အကုန်စိုး ရိမ်ရတယ်။ “ ဟု ၎င်းစစ်ဘေးရှောင်ကူညီသူက ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား စစ်ရေးဆက်လက် တင်းမာ နေသည့်အပြင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် လျက်ရှိသောကြောင့် ယခုစက်တင်ဘာလ ပထမပတ်အတွင်း ဒီမောဆို အနောက် ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုလက်နက်ကြီးထိမှန်ခဲ့သေးကြောင်း သိရသည်။