Home သတင်း ည ၁၀ နာရီကျော် ပစ်မိန့်ထုတ်ထားသည့် မြဝတီတွင် စစ်ကောင်စီတပ်များ သေနတ်ခြောက်လှန့် ပစ် ခတ်မှု ညစဉ်ပြုလုပ်

ည ၁၀ နာရီကျော် ပစ်မိန့်ထုတ်ထားသည့် မြဝတီတွင် စစ်ကောင်စီတပ်များ သေနတ်ခြောက်လှန့် ပစ် ခတ်မှု ညစဉ်ပြုလုပ်

317

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ ခရိုင်ရဲရုံး တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၅ ရက်မှ စတင်ကာ မာရှယ်လောအမိန့် ည ၁၀ နာရီကျော်လွန်သွားလာပါက ပစ်ခတ်ဖမ်းဆီးရန် စစ်တပ်က အမိန့်ထုတ်ထားပြီး ညစဉ်သေနတ် ခြောက်လှန့်ပစ်ခတ်ခြင်းများလှည့်လည်လုပ်ဆောင်နေမှုရှိနေသည်ဟု မြို့ခံ ရပ်ကွက်သားများက ပြောသည်။

“ရဲစခန်းတိုက်ခံထိပြီးတော့ သူတို့ စစ်တပ်အဖွဲ့ ရဲအဖွဲ့တွေ ည ၁၀နာရီကျော်ပစ်မယ် ပြောတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်မှ ရပ်ကွက်တွေထဲ ကားနဲ့ လှည့်ကြေငြာတယ်။ ၁၀နာရီကျော် အပြင်မထွက် ရ အမိန့် ဆိုပြီး၊ ပစ်ဖမ်းမယ်ဆိုပြီး ပြောတယ်။ အဲ့ဒီလို လိုက်ပြီးမပြောခင် ရက်တွေထဲက ညဆို သေနတ် ပစ်ဖောက်တယ်။ BGF တွေ၊ စစ်တပ်တပ်မက စစ်သားတွေ ရပ်ကွက်တွေဘက်လှည့်ပြီး ဟိုနားပစ် ၊ ဒီနားပစ်ပစ်တယ်။ ”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီ မြို့ နယ်အတွင်း သင်္ဃန်းညီနောင်၊ လက်ခတ်တောင် နေရာများဘက်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ် များအကြားနေ့စဉ် ပြောက်ကျားပစ်ခတ်မှုများဆက်ရှိနေကြောင်း KNLA စစ်ရေးသတင်း အရင်းအမြစ်များပြောစကားအရ သိရသည်။

စက်တင်ဘာ ၃ ရက်နေ့တုန်းက ခရိုင်ရဲစခန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်နေရာများအား ထပ်မံ တိုက်ခိုက်မည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထပ်မံသတင်းထုတ်ပြန်ထားသည့်အတွက် စစ်တပ် ဘက်က မြဝတီမြို့တွင်း ဌာနဆိုင်ရာနေရာများ၊ လမ်းများအား အပြင်လူဖြတ်သန်းသွားခွင့်ပိတ်ပင်ထား ပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။

မြဝတီမြို့ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်တစ်ဦးက “မြဝတီက စစ်တပ်တွေ ထပ်တိုက်မခံရအောင် လုပ် နေကြတယ်။ ဝန်ထမ်းမိသားစုတွေ သိပ်မနေကြတော့ဘူး။ ထပ်တိုက်မယ်။ မြို့ထဲဝင်တိုက်မယ် ဆိုတဲ့ သတင်းက ပျံ့နေတယ်။ ဘယ်တော့ တိုက်မလဲမသိရတော့ အပြင်သွားတာလာတာ သတိထားရတယ်။ အခုက ခေါင်းပေါ်က ဘယ်အချိန်ကျလာမလဲ၊ ဘယ်နားက ထပေါက်မလဲ စိုးရိမ်ရတယ် ”ဟု ပြောသည်။

ယခုလို မြဝတီမြို့တွင်းတွင် လမ်းများပိတ်ပြီးလုံခြုံရေး တင်းကြပ်ထားသော်လည်း နယ်ခြားစောင့်တပ် – BGF ထိန်းချုပ် လုပ်ကိုင်နေသည့် ကာစီနို လောင်းကစားရုံနှင့် အွန်လိုင်း (ကျားဖြန့် ) ငွေလိမ်ဂိုဏ်းများမှာ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး အဆိုပါရပ်ကွက်များဘက်တွင် အာဝါဒေးပွဲများပါ ဖွင့်လှစ် လောင်း ကစားခွင့်ရနေကြောင်းလည်း ကာစီနို‌လောင်းကစားဝိုင်းသွားခဲ့သူထံမှ သိရသည်။