Home သတင်း ရွှေဂွန်းရှိ စစ်ကောင်စီတပ်စခန်းဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အရပ်သားကလေးငယ်တစ်ဦးထိခိုက်

ရွှေဂွန်းရှိ စစ်ကောင်စီတပ်စခန်းဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အရပ်သားကလေးငယ်တစ်ဦးထိခိုက်

1020

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ရွှေဂွန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ယနေ့ ဩ ဂုတ်လ ၂၀ ရက်နေ့ နံနတ် ၇ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အရပ်သားကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိမှန်ခြင်းမရှိဘဲ ဗုံးသီး တစ်လုံးမှာလမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုမရှိကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဗုံးလာကြဲတော့ အသံကတော့ အကျယ်ကြီးပဲ၊ နောက်ပြီး စစ်ကောင်စီဘက်က လည်းပြန်ပစ်တယ် ရမ်းပစ် နေတာ။ လက်နက်ကြီးခြောက်လုံး၊ ခုနှစ်လုံးလောက် ပစ်တယ်။ ဒရုန်းနဲ့ကြဲတဲ့ဗုံးကြောင့် ကလေး တစ် ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာတော့ အန္တရာယ်မရှိဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ် ခဲ့ပြီးလမ်းမပေါ် ဖြတ်သွားဖြတ်လာသော ဒေသခံများကိုလည်း ခြိမ်းခြောက်စစ်ဆေးမေးမြန်းမှုများ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်၊

ရွှေဂွန်းဒေသခံ တစ်ဦးက“ပေါက်ကွဲမှုဖြစ်တော့ စာသင်ကျောင်းတွေပါ ကျေးရွာလူကြီးက ပိတ်ခိုင်းတယ်။ စကစနဲ့ရဲတွေကတော့ အများကြီးပဲ။ လမ်းမပေါ်ကို ပေးမဖြတ်ခိုင်းတော့ဘူး။ ပုံမှန်သွားနေကြဒေသခံတွေ ကိုလည်း စစ်‌ဆေးတာအကြာကြီးပဲ။ မင်းတို့ဘယ်ကလဲ၊ တစ်ခါထဲ ပစ်သတ်လိုက်မယ်။ သေချာဖြေ အဲတာတွေပါ ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်၊

ယနေ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို သက်ဆိုင်ရာအဖွဲ့အစည်း ဘက်ကလည်း သတင်း ထုတ်ပြန်လာခြင်းမရှိသေးကြောင်း တွေ့ရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းကလည်း ရွှေဂွန်းစံပြ‌ကျေးရွာ ‌ရွှေပြည်‌ တော်ရပ်ကွက်၏ ကားလမ်း‌နံဘေးရှိ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီဝင် ကျေးရွာ‌ခေါင်း‌ဆောင် ‌တစ်ဦး၏ နေအိမ်ကို ကားတစ်စီးက အရှိန်ဖြင့် ‌မောင်းနှင်၍ ဗုံးဖြင့်ပစ်သွင်းခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့သေးသည်။