Home သတင်း Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်မှုများမရပ်လျှင် အရေးယူမည်ဟု လောင်းလုံး PDF သတိပေး

Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျလုပ်ဆောင်မှုများမရပ်လျှင် အရေးယူမည်ဟု လောင်းလုံး PDF သတိပေး

510
Photo-Crd

ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်လက်အောက်၌ တာဝန်ထမ်းဆောင်နေသော Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်မှုများ မရပ်လျှင် အရေးယူမှုများလုပ်ဆောင် မည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကို ကူညီထောက်ပံ့ပေးနေသည့် သတင်းပေး၊ ပျူစောထီး၊ Non CDM ဌာနဆိုင်ရာဝန်ထမ်းများနှင့် Non CDM ပညာရေးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအလိုကျ လုပ်ဆောင်ခြင်းများကိုမရပ်တန့်ဘဲ ဆက်လက်လုပ် ဆောင်မည်ဆိုပါက ယခုဇွန်လ ၁၀ ရက်နေ့မှစတင်ပြီး ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “အခုလိုထုတ်ပြန်ချက်ထုတ်တာက ကျောင်းတက်နေတဲ့ကျောင်းသားတွေမပါဘူး။ ကျောင်တက်ဖို့ ဖိအားပေးနေတဲ့ ကျောင်းဆရာ၊ ဆရာမ တွေအတွက် အဓိကထုတ်ပြန်တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

လောင်းလုံးမြို့နယ်တွင် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများသည် ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်ခြင်း၊ Non CDM ကျောင်းဆရာ၊ ဆရာမများလည်း ကျောင်းတက် ရောက်မှုမရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား မဖြစ်မနေကျောင်းပြန်လည်ပေးတက်ရန် မိဘများကို ဖိအားပေးခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

တဆက်တည်းတွင် ယမန်နေ့ ဇွန်လ ၇ ရက်နေ့ကလည်း လောင်းလုံးခြေခံပညာအထက်တန်းကျောင်း၏ ပစ္စည်း များကို ဖျက်ဆီးပြီး White Board ပေါ်တွင် “ငါက PDF ရှင်းတယ်နော်” ရေးသားထားသော စာကို စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ပြန်လည် ဖြန့်ဝေပြီး (PDF)လုပ်ဆောင်သည်ဟု စွပ်စွဲ ရေးသားဖော်ပြလျက်ရှိကြောင်းလည်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။