အောက်တိုဘာ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် လမ်းမများပေါ် သွားလာနေသည့် လူငယ်အမျိုးသားများကို ကြိုးတုပ်၍ဖမ်းဆီးသည်အထိ စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေသည့်လုပ်ရပ်များ ဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။
စစ်အုပ်စုပြန်လည်ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့ပေါ်တွင် ဖိအားပေးခံရမှုအမျိုးမျိုးကြား လက်ရှိနေရပ်ပြန်နေသည့်ဒေသခံများအား စစ်မှုထမ်းရန် မြို့ပေါ်လမ်းမအလယ်တွင် ကြိုးတုပ်ဖမ်းဆီးနေခြင်းဖြစ်ပြီး အထူးသဖြင့်...