Home သတင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံများ ဝက်မွေးမြူ‌ရေးလုပ်ငန်းကို ပိုမိုအားထားလုပ်ကိုင်လာ

ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသခံများ ဝက်မွေးမြူ‌ရေးလုပ်ငန်းကို ပိုမိုအားထားလုပ်ကိုင်လာ

1144
Photo-KIC

ဇွန်လ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)နယ်မြေ၊ ကော့က ရိတ်မြို့ နယ် တောင်ပိုင်းရှိ ဒေသခံများသည် အလုပ်အကိုင်နှင့် သွားရေးလာရေး အခက်အခဲကြောင့် တစ်ပိုင်‌တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုအားထားလုပ်ကိုင်လာကြကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် မြို့တွင်းသို့ တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး အလုပ် လုပ်ကိုင်သွားလာရန် အဆင်‌မပြေတော့သဖြင့် ဝက်မွေးမြူခြင်းကို လုပ်ကိုင်လာသူများလာရခြင်းဖြစ် ကြောင်း‌ ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ရွာသစ်ကျေးရွာမှ နန်းမထွေးက ယခုလိုပြောသည်။

“အရင်က မွေးမြူရေးဝက်မွေးတဲ့လူနည်းတယ်။ အခုကတစ်ခြားအလုပ်လုပ်ဖို့အခြေအနေက မကောင်း တော့ အဆင်မပြေဘူး။ ဒါကြောင့် ကိုယ့်အိမ်နဲ့ကိုယ့်အလုပ်နဲ့တစ်ပိုင်တစ်နိုင် ဝက်မွေးလာကြ တဲ့သူတွေများလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်ကာလက ဒေသထွက်သီးနှံများဝယ်ယူ၍ ကော့ကရိတ်ဈေးသို့သွားရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုကြသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် သွားရေးလာရေးတွင် အခက် အခဲရှိနေပြီး ဒေသထွက်သီးနှံများကို ကော့ကရိတ်မြို့ဈေးထဲသို့ သွားရောက်ရောင်းချရန် အဆင်မပြေ တော့သဖြင့် ဝက်မွေးမြူရေးကို လုပ်ကိုင်လာရခြင်းဖြစ်ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက “အသီးအရွက်တွေကျေးရွာမှာလိုက်ဝယ်ပြီး ကော့ကရိတ်ဈေးမှာ သွားရောင်းတယ်။ အာဏာ မသိမ်းခင်ကတော့ သွားလာရတာအဆင်ပြေတယ်။ လွတ်လွတ်လပ်လပ်သွားလာလို့ရတော့ သီးနှံတွေ ဝယ်ရောင်းလို့ ကောင်းတယ်။ အာဏာသိမ်းတော့ ဘာမှလုပ်ကိုင်လို့မတတ်တော့ဘူး။ ခေတ်ကာလ မကောင်းတော့ မြို့ကို ကျည်ဆံကြားမှာ သွားလာဖို့အဆင်မပြေဘူး။ အဲ့ဒါကြောင့် ဝက်မွေးမြူဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဝက်မွေးမြူသူများသည် မွေးမြူရေးဝက်များကို အဓိကထား မွေးမြူးနေကြခြင်းဖြစ်ပြီး အဆိုပါ မွေးမြူ ရေးလုပ်ငန်းအတွက် လိုအပ်သည့်ဝက်စာများ ဈေးနှုန်းတက်လာခြင်းနှင့် စစ်တပ်၏ လမ်းများ ဖျက်ဆီး ထားမှုကြောင့် ဝက်များသယ်ယူရောင်းချရန်အတွက် အခက်အခဲများရှိသောကြောင့် အမြတ်ငွေရရှိမှု နည်းပါးကြကြောင်းလည်း ဝက်မွေးမြူသူများက ပြောသည်။

အလားတူ မွေးမြူရေးဝက်စာများ ဈေးနှုန်းတက်လာခြင်း၊ ဝက်စာများ ရောစပ်‌ကျွေးရသည့် အစာကုန်ကျ စရိတ်များလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်လည်း မွေးမြူရေး ကုန်ကျ စရိတ်ကြီးမားသည့် အခက်အခဲများလည်း ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။