အောက်တိုဘာ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် ကုန်ပစ္စည်းသိုလှောင်သည့်ဂိုဒေါင်များ၊ ကုန်တင်ယာဥ်များ ဖမ်းဆီးသိမ်းဆည်းခံလိုက်ရသည်ဟု အကြောင်းပြလိမ်လည်ကာ မြန်မာပြည်တွင်းပို့ရန် အပ်နှံထားသည့်ကုန်စည်များကို ထပ်ဆင့်ပြန်ရောင်းချနေသည့်ဖြစ်စဥ်အချို့ ဖြစ်ပွားလျက်ရှိကြောင်း မဲဆောက်မှမြဝတီ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ထိုင်းဘက်မှ မြန်မာပြည်တွင်းသို့ ပို့ဆောင်မည့်...