Home သတင်း ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ် လှုပ်ရှားသွားလာ စစ်ဆေးမှုပိုလုပ်လာ

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ် လှုပ်ရှားသွားလာ စစ်ဆေးမှုပိုလုပ်လာ

554

မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များသည် လှုပ်ရှား သွားလာမှုများလာပြီး မြို့တွင်းဝင်ထွက်သွားလာနေကြသည့် ဒေသခံများအား စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်နေကြောင်း ‌ကြာအင်းဆိပ်ကြီးမြို့ ဒေသခံများက ပြောသည်။

စစ်ကောင်စီ ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် မတ်လ ၈ရက်နေ့မှစ၍ ယနေ့အချိန်ထိ မြို့တွင်းသွားလာသူ ရွာသူ/ရွာသားများအား စစ်ဆေးမေးမြန်းမှု ပိုမိုလုပ် ဆောင်လာသည့်အပြင် ကြာအင်းဆိပ်ကြီးမြို့အနီးကျေးရွာများတွင်လည်း စစ်ကြောင်းထိုး လှုပ်ရှားမှုများလည်း လုပ်‌ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက “အရင်က သိပ်မစစ်ဆေးဘူး။ ခုနောက်ပိုင်းတော့ ပိုစစ်ဆေးလာတယ်။ ၁၀ တန်းစာမေးပွဲဖြေတဲ့နေ့ကစပြီး ဆိုင်ကယ်ဘောက်တွေ၊ ဘာတွေပိုစစ်‌ ဆေးလာတာ ယခုထိပဲ။ မနေ့ကလည်း ရွာထဲမှာစစ်ကြောင်းထိုးကင်းလှည့်သေးတယ်။ အခြားရွာက ရွာသားတွေ ပေါ်တာဖမ်းခံထိသေးတယ်။ ဒီလိုစစ်ကြောင်းထိုးတာ ရွာသားတွေလည်း ပေါ်တာ ဖမ်းမှာစိုးရိမ်နေရတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ ၅၅၇)နှင့် ပူးပေါင်းစစ်ကြောင်းများသည် ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာ၊ ချက်က‌လေးကုန်းကျေးရွာ၊ ပဲတီကုန်း(အစု)၊ အုန်းတစ်ပင် ကျေးရွာ၊ ချောင်းဝကျေးရွာများသို့ အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တိမ်းရှောင် မမီလိုက်သော အရပ်သားပြည်သူ ၅၀ ဦးခန့်ကို လူသားဒိုင်းကာများအဖြစ် အသုံးပြုရန် ဖမ်းဆီးသွား ကြောင်း ကြားအင်းဆိပ်ကြီးမြို့နယ် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၈နေ့တွင် ထုတ်ပြန်ထား သည်။

ယခုလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားသွားလာမှုသည် လာမည့် ၂၇ ရက်နေ့တွင် ကျရောက် မည့် တပ်မတော်နေ့အတွက် နယ်မြေစိုးမိုးရေး ဟန်ပြလုပ်ဆောင်မှုဖြစ်နိုင်ကြောင်း ကြာအင်းဆိပ်ကြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဦးငြိမ်းမင်းက ကေအိုင်စီသို့ ပြော သည်။

၎င်းက “အခုလောလောဆယ်တော့ ကြတ်ခတ်ချောင်း ပတ်ဝန်ကျင်မှာ လှုပ်ရှားနေတယ်။ မနေ့ကတော့ ချောင်းဝဘက်မှာ လှုပ်ရှားတယ်။ ကျနော် ထင်တာတပ်မတော်နေ့အခမ်းအနားရှိတော့ ပတ်ဝန်းကျင်ကို စိုးမိုးဖို့ ဟန်ပြတာပဲထင်တယ်။ သူတို့(စစ်ကောင်စီ)ပြောရင် လမ်းပြခေါ်တယ်ပေါ့။ လူသားဒိုင်းအဖြစ် ပြည်သူကိုခေါ်ခေါ်သွားတယ်”ဟု မတ်လ ၂၁ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၅ရက်နေ့တွင်လည်း ကြာအင်းဆိပ်ကြီးမြို့၊ သံပုရာအုပ်စု၊ မကျည်း ကလပ် ကျေးရွာနှင့်‌ ကော့ကမာ‌ကျေးရွာကြား တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကြာအင်းဆိပ်ကြီးဒေသခံများထံမှ သိရသည်။