အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အမေရိကန်အစိုးရအဖွဲ့ဘက်က အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရှိရာ နေပြည်တော်သို့ လာရောက်တွေ့ဆုံခဲ့ခြင်းနှင့် မြန်မာခရိုနီအချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပယ်ဖျက်ပေးလိုက်ခြင်းမှာ အကျိုးစီးပွားကိုသာ အခြေခံ၍ စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုခြင်း မဟုတ်ဟု နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးလေ့လာသူများက သုံးသပ်သည်။
အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်လွှတ်ပေးဖို့ကိစ္စဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊...