Home ဆောင်းပါး မျက်ခြည်မပြတ် အကဲခတ်နေရမယ့် အခြေအနေ ဖြစ်တယ်

မျက်ခြည်မပြတ် အကဲခတ်နေရမယ့် အခြေအနေ ဖြစ်တယ်

779
Photo: Crd.

မျက်ခြည်မပြတ် အကဲခတ်နေရမယ့် အခြေအနေ ဖြစ်တယ်

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်)

(၁၆-၉-၂၀၂၂)ရက်နေ့က ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်အဖွဲ့အစည်း တွေ၊ ‘ဝ’ဒေသ (အချို့သတင်းတွေမှာ ‘မိုင်းလား’ – အချို့သတင်းတွေမှာ ‘ပန်ဆန်း’)မှာ ကျင်းပတယ်လို့ ကြားသိရပါ တယ်။ ဒီသတင်းကို အခြေခံတဲ့ “ထင်ကြေးမျိုးစုံ” ကိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဖတ်ရပါတယ်။ ထိုသို့သော ရေးသား ချက်တွေဟာ ကိုးကားထောက်ထားနိုင်လောက်တဲ့ အချက်အလက် မပါရှိပါဘူး။ ဒါကြောင့် အခုရေးသားချက်ဟာ “ဘီဘီစီနဲ့ အာရ်အက်ဖ်အေ” က ဖော်ပြအချက်အလက်ကိုပဲ အခြေခံပြီး ရေးသားပါတယ်။

(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းတွေကတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ မိုင်းလားအထူးဒေ သ(၄) (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်း ပြည်တပ်မတော် (SSPP/SSA)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ဖြစ်ပါတယ်။

သတင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အဖွဲ့ တက်ရောက်ခဲ့ခြင်းမရှိလို့ ရေးသားနေကြပေမယ့် KIA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသာ တက်ရောက်နိုင်ခဲ့မှု မရှိခြင်းသာဖြစ်ပြီး အဖွဲ့ဝင်တွေကတော့ တက်ရောက်ဆွေး နွေးမှုတွေ ရှိခဲ့တယ်လို့ (ဘီဘီစီ) သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီလိုတွေ့ဆုံမှုကနေ “ရလဒ်ကောင်းတွေရရှိခဲ့တယ်”လို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက် တာညိုထွန်းအောင်က ပြောတယ်ဆိုတာကိုလည်း ဘီဘီစီနဲ့ အာရ်အက်ဖ်အေက သတင်းတွေမှာ ဖတ်ရပါတယ်။ ဒီအ ချက်ထက်ပိုပြီး ဘီဘီစီနဲ့အာအက်ဖ်အေ သတင်းတွေမှာ အခြားအချက်အလက်တွေ ဖော်ပြထားခြင်းမရှိပါဘူး။ သို့သော် လည်း အထက်မှာ ရေးသားခဲ့သလိုပါပဲ ဒီသတင်းကို အခြေခံတဲ့ “ထင်ကြေးမျိုးစုံ”ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပလူ ပျံနေပါတယ်။

ဒီအတွက်ကြောင့် ကျနော့်မှတ်စုတွေထဲကနေ (FPNCC)နဲ့ ပတ်သက်တာတွေကို ပြန်လည်ရှာဖွေပြီး ဖတ်ရပါ တော့တယ်။ ဒီအခါမှာ (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်စွဲ)ဖြင့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၌ “ဝ” ပြည်နယ်၏ ဆွေးနွေးတင်ပြချက်” ဆိုတာကို သွားတွေ့ပါတယ်။ ဒီတင်ပြချက်ကို “ဝ” ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယဥက္ကဋ္ဌ၊ “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးဌာနကြီးမှူး – ဦးကျောက်ကော်အန်းက ဖတ် ကြားတင်ပြတယ်လို့လည်း မှတ်စုထဲမှာ တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီမှတ်စုနဲ့အတူ ၂၁ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး၌ ဆွေးနွေးတင်ပြတဲ့ “ဒေါက်တာညို ထွန်းအောင်ရဲ့ဆွေးနွေးတင်ပြချက်” ဆိုတာကိုလည်း တွေ့ရပါတယ်။ ရက်စွဲကတော့ “၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၁ရက်” ဖြစ်ပါတယ်။ တင်ပြဆွေးနွေးချက်က တစ်မျက်နှာပဲရှိပြီး “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)” ဘာလဲဆိုတာကို အတိုချုပ် မိတ်ဆက်ရှင်းလင်းတဲ့သဘော ဖြစ်ပါတယ်။ ထိုဆွေးနွေးတင်ပြချက်ထဲမှာ ပါရှိ တဲ့ အဓိကအချက်တွေကို ကောက်နုတ်ဖော်ပြရလျှင် “(FPNCC) ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်က ထာဝရငြိမ်းချမ်းရေးအ တွက်ဖြစ်တယ် – ဆွေးနွေးမှုအပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်း၏ ပကတိအခြေအနေနှင့် ပိုမိုကိုက်ညီသည့် လမ်း ကြောင်းတစ်ခုကို ရှာတွေ့နိုင်ရန် – (FPNCC) နှင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက် မျက်နှာချင်းဆိုင် နိုင်ငံရေးဆွေး နွေးသည့်ပုံစံကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် – (FPNCC)သည် စစ်ရေးမဟာမိတ်အဖွဲ့မဟုတ်ပါ – နှစ်ဖက်၏ တွေ့ဆုံဆွေးနွေး၊ ယုံကြည်မှု တိုးမြှင့်ရန်အတွက်သာ ဖြစ်သည်” ဟူ၍ ဖြစ်ပါတယ်။

ဒီနေရာမှာ အလေးထား ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တစ်ခုဖြစ်တဲ့ “ဝ” ပြည်နယ်ပြည်သူ့အစိုးရ ဒုတိယဥက္ကဋ္ဌ၊ “ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးဌာနကြီးမှူး – ဦးကျောက်ကော်အန်း တင်ပြချက်ထဲက အချက်အလက် တချို့ကို မူရင်း(သတ်ပုံ) အတိုင်း ကောက်နုတ်ဖော်ပြပါရစေ။

– မိမိတို့ “ဝ” ပြည်နယ်သည် ယနေ့ထိတိုင် ပြည်ထောင်စုအစိုးရနဲ့ NCA လက်မှတ်ရေးထိုးခြင်းမရှိခဲ့သော်လည်း ယခင် “ဝ”ပြည်နဲ့ ပြည်ထောင်စုအစိုးရတို့ သဘောတူရရှိထားသော အဆင့်သုံးဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို “ဝ”ပြည်အနေနဲ့ မူလကတိအတိုင်း အစဉ်အမြဲ ထိန်းသိမ်းခဲ့ပါသည်။

– ယခုအခါ ပြည်ထောင်စုအစိုးရနှင့်တပ်မတော်က “ဝ” ပြည်ကို NCA တွင် လက်မှတ်ထိုးရန် တောင်းဆိုပါသည်။ လက် မှတ်ရေးထိုးပြီးမှ နောက်ဆက်တွဲကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်မယ်လို့ ဆိုပါသည်။ “ဝ”ပြည်အနေနဲ့ ငြိမ်းချမ်းရေးကို ရှေးရှု၍ ဒီကိစ္စရပ်တွင် အတတ်နိုင်ဆုံးလိုက်လျောခဲ့ပါသည်။ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ “NCA သည် ပြင်လို့ရပါတယ်။ သဘောမကျရင် နှုတ်ထွက်လို့ရပါတယ်။ ကမ္ဘာပေါ်မှာ ပြင်လို့မရတဲ့ စာချုပ်ဆိုတာ မရှိ ဖူး။ သို့သော် NCA ကို လက်မှတ်အရင်ထိုးပြီးမှ ပြင်ဆင်ခွင့်နှင့် နှုတ်ထွက်ပိုင်ခွင့် ရှိမယ်” ဆိုတဲ့ နောက်ဆုံးသဘောထား အရ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဖက်မှ ဒီသဘောထားကို စာအားဖြင့် ကတိခံခဲ့ရင် “ဝ”ပြည်အနေဖြင့် လက် မှတ်ထိုးဖို့ တက်ကြွစွာ စဉ်းစားပေးနိုင်မည်ဟု “ဝ”ပြည်မှ တင်ပြဆွေးနွေးခဲ့ပါသည်။

– “ဝ”ပြည်က NCA ပြင်ဆင်ရေးသဘောထား ကိုင်စွဲထားရတဲ့ အကြောင်းရင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အ စည်းတွေထဲမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ စစ်ပွဲဆက်လက်ဖြစ်ပွားရတဲ့ အမှန်တကယ် အကြောင်း ရင်းမှာ NCA ပါ စစ်ရပ်စဲရေးပုဒ်မများဟာ နဂိုကပင် ချို့ယွင်းချက်ရှိနေလို့ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ NCA နဲ့ ချည်နှောင်ထားတဲ့ “နိုင်ငံရေးဆွေးနွေးမှု မူဘောင်(PTFA)လည်း ပိုမိုဆိုးဝါးတဲ့ ချွတ်ယွင်းချက်တွေ ပါရှိနေပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေးပုဒ်မနဲ့ ဆက်စပ်လာတိုင်း သဘောတူညီမှု မရရှိနိုင်ပါ။ ထို့ကြောင့် “ဝ”ပြည်နယ်အနေဖြင့် NCA ထိုးရင် စစ်အပစ်ခတ်ရပ်စဲရေးကို အာမခံနိုင်ရမယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုရင် တရားမျှတတဲ့ နိုင်ငံရေးသဘောတူညီမှု ဖြစ်လာဖို့ အာမခံချက်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့အတွက် NCA လက်မှတ်ထိုးတာ မဖြစ်စေချင် ပါ။

– ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး “ဝပြည်နယ်၏ သဘောထားမှာ ဆွေးနွေးကြတဲ့ သက်ဆိုင်သူများအနေနဲ့ လက်တွေ့ကျ တဲ့ လက်လျောမှုကိုယ်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ အကယ်၍ အားနည်းတဲ့တစ်ဖက်ကို လိုက်လျောဖို့ အဆက်မပြတ် တောင်းဆိုပြီး မိမိဖက်ကတော့ စိုးစဉ်းမျှ အလျော့မပေးရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဘယ်တော့မှ ရှေ့တိုးနိုင်မည် မဟုတ်ပါ။

အထက်မှာ ကောက်နုတ်တင်ပြထားတဲ့ အခြေခံသဘောထားတွေကို ကြီးကြီးမားမား တစုံတရာ အပြောင်းအ လဲမရှိဘဲ (UWSP/UWSA)က ဆက်လက် ကိုင်စွဲထားဆဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတချို့ကိုတော့ သူတို့ရဲ့ (FPNCC) အဖွဲ့ဝင်အဖွဲ့အစည်းတွေအကြားမှာ လိုအပ်သလို သုံးသပ်တာ၊ ဖြည့်စွက် ကြတာတွေတော့ သဘာဝကျစွာပဲ ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီလို သုံးသပ်ဖြည့်စွက်ကြဖို့ကလည်း သူတို့တွေ့ဆုံရ တဲ့ အာဂျင်ဒါတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်မယ်လို့ ယူဆပါတယ်။ သူတို့အဖွဲ့ဝင်တွေအကြား ရင်ဆိုင်ထားကြရတဲ့ စစ်မျက်နှာအနေအထားလိုက် လိုအပ်ချက်တွေကို အပြန်အလှန်ညှိနှိုင်းကြတာ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းဆိုကြတာ အပြန်အလှန် ကူညီဖြည့်ဆည်းပေးကြတာမျိုးလည်း ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းတွက်ဆရပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုနဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးကြ (၂၀၂၂ခုနှစ်၊ မေလ ၃၀ရက် မှ ဇွန်လ ၁ရက်နေ့အထိ) စဉ်မှာ ထုတ်ပြန်ခဲ့တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ ယာကု ခေါင်းဆောင်သော “ဝ”ပြည်နယ်ကိုယ်စားလှယ်အဖွဲ့၏ တင်ပြပြောဆိုချက်ကလည်း လွန်ခဲ့သော ၄နှစ်ခန့် (၂၀၁၈ခုနှစ်)က ဦးကျောက်ကော်အန်း တင်ပြချက်နဲ့ အနှစ်သာရအားဖြင့် ကြီးကြီးမားမား ကွဲလွဲနိုင်စရာ မရှိနိုင်ပါဘူး။

ဒီလို အချက်အလက်တွေအပေါ်ကနေ ကျနော့်အမြင်ကို သုံးသပ်တင်ပြရမယ်ဆိုရင် ပထမအချက်အနေနဲ့ မင်း အောင်လှိုင်တို့ (စကစ)စစ်အုပ်စုဘက်က အလျှော့မပေးဘဲ (FPNCC) အဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့ NCA ဘောင်ထဲကနေ နားလည်မှု/ သဘောတူညီမှု ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ လွယ်လွယ်ကူကူ ဖြစ်မလာနိုင်ပါဘူး။ ထို့အတူ မင်းအောင်လှိုင် မျှော်မှန်းနေတဲ့ “ငြိမ်းချမ်းရေး” ရနိုင်ဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒုတိယအချက်အနေနဲ့ ဒုတိယအကြိမ် ဆွေးနွေးပြီးသွားတဲ့ (PNLO – LDU – ALP) ၊ (RCSS)၊ (KNU/KNLA – PC)၊ (DKBA)တို့နဲ့သာ တစုံတရာ နားလည်မှု ရကောင်းရနိုင်ပါလိမ့်မယ်။ ဒါတောင် ဒုတိယအကြိမ်ဆွေးနွေးပြီး ပူပူနွေး နွေးပြန်လာတဲ့ (KNU/KNLA – PC) အထွေထွေအတွင်းရေးမှူးချုပ် စောကျော်ညွန့်ဆီကနေ အသံထွက်လာနေပြီ။ (စကစ) ပြောသမျှ နားထောင်ပြီး ပြန်လာခဲ့ရတာတဲ့။ သူတို့ဘက်က အသေးစိတ် ပြန်လည်ဆွေးနွေးတာ လုပ်ခွင့်မရခဲ့ ဘူးတဲ့။ ဒုတိယအကြိမ် တွေ့ဆုံကြတာမှာလည်း (PNLO – LDU – ALP)၊ (RCSS) တို့ကို မင်းအောင်လှိုင်က လက်ခံ တွေ့ဆုံခဲ့ပေမယ့် (KNU/KNLA – PC) နဲ့ (DKBA)တို့ကိုတော့ မင်းအောင်လှိုင်က လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပါဘူး။

တတိယအချက်အနေနဲ့ စစ်အုပ်စုအဆက်ဆက်ဟာ (နဝတ/နအဖ – ဗိုလ်သိန်းစိန် ကြံ့ဖွံ့အစိုးရနေ – မင်းအောင် လှိုင် စကစ အထိ) ၁၉၈၉ နောက်ပိုင်းကနေ ဒီအနေ့အထိ (UWSP/UWSA) နဲ့ စစ်ရေးအထိ ထိတွေ့မှု ကြီးကြီးမားမား မရှိခဲ့ပါဘူး။ အခုလည်း (UWSP/UWSA) က သူနဲ့အဆက်အစပ်ရှိတဲ့ အဖွဲ့အစည်းတွေထံ အတိုင်းအတာတစုံတရာရှိတဲ့ “အကူအညီတွေ” ပေးနေတယ်ဆိုတာ မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ်စုက မသိလို့ မဟုတ်ပါဘူး။ ထုတ်မပြောဘဲ ရေငုံနေတာပါ။ ကြိတ်ပြီး မေတ္တာရပ်ခံတာတို့ ဘာညာတို့တော့ လုပ်လေမလား အတိအကျတော့ မသိနိုင်ပါဘူး။

ဒါပေမယ့် “အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိ ပက္ခပို၍ မဖြစ်စေ လိုသောကြောင့် မည်သည့်ဘက်မှပါဝင်ပတ်သက်မည် မဟုတ်ပါ” ဆိုတဲ့ မင်းအောင်လှိုင်နဲ့ ပထမအ ကြိမ် တွေ့ဆုံစဉ်မှာ (UWSP)ကထုတ်ပြန်ခဲ့တဲ့ “သဘောထား”ဟာ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့နေ့စဉ်နှင့်အမျှ သတ်ဖြတ်မှုကို ရင်ဆိုင်နေကြရတဲ့ အဖိနှိပ်ခံပြည်သူများ၊ ဘဝတူလူမျိုးစုများ၏ နေ့စဉ်ဘဝကို စာနာမှုကင်းမဲ့စွာ ကျောခိုင်းလျစ်လျူရှုတာမျိုးပဲ ဖြစ်ပါတယ်။

လက်တွေ့အားဖြင့်လည်း မင်းအောင်လှိုင်တို့ရဲ့ အကြမ်းဖက်မှုတွေကို သွယ်ဝိုက်ပြီး အားပေးသလို ဖြစ်စေပါ တယ်။ ထို့အပြင် ဒီသဘောထားဟာ ရေရှည်မှာနိုင်ငံရေးအရ မိမိကိုယ်ကိုယ် လက်ဦးမှုမဲ့စေပြီး ကိုယ့်ကိုယ်ကို အထီး ကျန်စေမယ့် ဖော်ပြချက်ပဲ ဖြစ်ပါတယ်။ သို့ပါ၍ သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ ထိုသဘောထားကို အလျှင်အမြန် ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။

အချက်အလက် နောက်ခံအနေဖြင့် ဆက်စပ်သိရှိထားရမည့် အချက်အလက်အချို့မှာ “၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး”ကို (၁၁-၇-၂၀၁၈)ရက်နေ့မှ (၁၆-၇-၂၀၁၈)ရက်နေ့အထိ ၆ရက်တိုင်တိုင် ကျင်းပခဲ့တာပါ။ ဒီချုပ် ပါတီအစိုးရ သမ္မတဦးဝင်းမြင့်လက်ထက်မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ “အမှာစကားပြောကြားသူတွေ”ကတော့ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ် မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရခိုင်အမျိုးသားပါတီ(ANP) ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်တို့ ဖြစ်ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ပြောတဲ့ ကာချုပ်မင်းအောင်လှိုင်ရဲ့ “အမှာစကား” အင်မတန် မောက်မာစော်ကားပါတယ်။

ဒါကြောင့် လောလောဆယ် ဖြစ်ပေါ်နေတဲ့ အနေအထားဟာ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေတိုးပြီး ဖြစ်ပေါ်လာ မယ့် အရိပ်လက္ခဏာ တွေ့မြင်နေရသလို နိုင်ငံရေးစကားပြောပွဲတွေလည်း မထင်မှတ်ဘဲ ဖြစ်လာနိုင်တဲ့ အလားအလာ တွေ ရှိနေတာကို ထင်မြင်သုံးသပ်မိကြောင်း ရေးသားလိုက်ရပါတယ်။