ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်မပစ်ရန်နှင့် တွေ့ရှိပါက ကျပ်ငွေ(၅၀,၀၀၀) ဒဏ်ငွေပေးဆောင်ရန်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုက ဇွန်လ(၂၃)ရက်နေ့က စာထုတ်သတိပေးသည်။
ကရင်ပြည်နယ်၏အထိမ်းအမှတ်တစ်ခုအဖြစ်ထင်ရှားသည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ခရီးသွားရာသီရောက်တိုင်း တောင်တက်ခရီးသွားများဖြင့်စည်ကားလျက်ရှိသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးစေ၍ မည်သည့်ခရီးသွားမဆို သတ်မှတ်နေရာတွင်သာ...