Home သတင်း BGF တပ်များ KNU တပ်မဟာ(၅)မှပြန်လည်ထွက်ခွာ၊ ရွှေကုက္ကိုလ်တွင် ဂုဏ်ပြုရန်ရှိဟု ပြောဆိုနေ

BGF တပ်များ KNU တပ်မဟာ(၅)မှပြန်လည်ထွက်ခွာ၊ ရွှေကုက္ကိုလ်တွင် ဂုဏ်ပြုရန်ရှိဟု ပြောဆိုနေ

209

မေလ ၁၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅) နယ်မြေဘက်မှ ကားအစီး ၆၀ ကျော်နှင့် မေလ ၁၀ရက်၊ ယမန်နေ့တွင် ပြန်လည်ထွက်ခွာလာသည့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များကို မြ၀တီ ခရိုင်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ဂုဏ်ပြုရန်စီစဉ်နေကြောင်း ပြောဆိုမှုများ ရှိနေကြသည်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် တပ်နယ်(၃)လက်အောက်ခံ တပ်ဖွဲ့ဝင်အများဆုံးပါဝင်သည့် ၎င်း BGF တပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ရွှေကုက္ကိုလ်သို့ ပြန်လည်ရောက်ရှိနေပြီး မေလ ၁၅ရက်နေ့တွင် ၎င်း တပ်ဖွဲ့ဝင်များအား ရွှေကုက္ကိုလ်တွင် ဂုဏ်ပြုသွားမည်ဖြစ်သည်ဟု ကြားသိရကြောင်း ကေအဲန်အယ်လ်အေ၊ တပ်မဟာ(၁)မှ အကြီးတန်း တပ်မှူးတစ်ဦးက ပြောသည်။

“အဲဒီပြန်သွားတဲ့(BGF)အဖွဲ့က တပ်မဟာ(၅)မှာ စစ်ကူသွားတဲ့အဖွဲ့တွေ တပ်မဟာ(၅)မှာ BGF ကုန်သ လောက်ပြန်ပြီးလို့တော့ ကြားတယ်။ အခု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲ ကျန်တယ်လို့တော့ ကြားတယ်။ တပ် မဟာ(၁)မှာရှိနေတဲ့ BGF အဖွဲ့တွေက ကျန်သေးတယ်။ သူတို့ပြန်လာတာက (၁)ဘက်ကို မဝင်ဘူး။ မြိုင်ကြီး ငူ-အုန်းတောလမ်းဘက် ပြန်သွားတာ။ ၁၅ရက်နေ့ကျရင် သူတို့ကို ဂုဏ်ပြုမယ်လို့ နယ်မြေအတွင်းက သတင်း ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်ပုံနှင့် ရုပ်သံမှတ်တမ်းများရ ရာနှင့် ချီသော BGF တပ်ဖွဲ့ဝင်များ ပြန်လာသည့်ယာဉ်တန်းကို တွေ့ရှိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးပေ။

တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီတပ်အတွက် စစ်ကူသွားသည့် BGF တပ်ဖွဲ့အများစုမှာ ပြန်လည် ထွက်ခွာသော်လည်း ဘောဂျို့လယ်ရွာရှိ နယ်မြေခံ တပ်ရင်းဖြစ်သည့် (၁၀၁၃)တပ်ရင်းများ ကျန်ရှိသေးသည့် အပြင် ဝင်းတာပန်၊ လေးကေစခန်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်အတူ BGF တပ်ဖွဲ့ဝင်များ ကျန်ရှိနေ သေးသည်ဟု သိရသည်။

ယခုကိစ္စအပေါ် BGF တပ်ဖွဲ့အခြေအနေကို သိရှိထားသူ KNLA တပ်မှူးတစ်ဦးက “တပ်မဟာ ၅မှာ သူတို့ တာဝန်ကျတာ ကြာပြီဆိုတော့ ပြန်လာပြီး အနားယူတယ်လို့ပဲ ပြောနိုင်သလို တစ်ဖက်ကကြည့်ရင် ရန်သူ (စကစ)ရဲ့ ခိုင်းစေမှုကို အပြည့်အဝ မလုပ်ဆောင်တော့ဘူးဆိုတဲ့ သဘောလည်း သုံးသပ်နိုင်တယ်။ အခြေအ နေကိုတော့ ကျနော်တို့ အနီးကပ် စောင့်ကြည့်နေတုန်းပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်ဦးရေ များစွာ ပြန်လည်ထွက်ခွာသည့်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ကေအိုင်စီက မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ယခုရက်ပိုင်းတွင်လည်း ရှေ့တန်းထွက် BGF တပ်ဖွဲ့ဝင်နှင့် တပ်တွင်တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင် များအတွက်ဆိုကာ ရွှေကုက္ကိုလ်ကျေးရွာအုပ်စုအတွင်းရှိ ရွာအချို့တွင် အိမ်ထောင်စုတစ်စုလျှင် ထိုင်းဘတ်ငွေ (၅၀၀) ပေးဆောင်ရန် ငွေကောက်ခံနေမှုများလည်း ရှိနေသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။