Home သတင်း အချိန်ခါမဟုတ် မိုးရွာသွန်းမှု‌ကြောင့် ‌လေး‌ကေ‌ကော် စစ်‌ရှောင်များ ‌နေရာထိုင်ခင်း ခက်ခဲ‌နေ

အချိန်ခါမဟုတ် မိုးရွာသွန်းမှု‌ကြောင့် ‌လေး‌ကေ‌ကော် စစ်‌ရှောင်များ ‌နေရာထိုင်ခင်း ခက်ခဲ‌နေ

759
Photo: CJ

‌ဖေ‌ဖော်ဝါရီ ၆ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ‌ကော်တိုက်ပွဲ‌ကြောင့် ‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက်တွင် ၂လနီးပါး စစ်‌ဘေး‌ရှောင်‌နေရသည့် စစ်‌ဘေး ‌ရှောင်‌နေရသူများမှာ ‌ဖေ‌ဖော်ဝါရီ ၄ရက်နှင့် ၅ရက်‌နေ့များက အချိန်အခါမဟုတ် မိုးရွာသွန်းမှု‌ကြောင့် အမိုးအကာ မလုံ‌လောက်ဘဲ ‌နေရာထိုင်ခင်း အခက်အခဲရှိ‌နေကြ‌ကြောင်း စစ်‌ဘေး‌ရှောင်များ၏ ‌ပြောပြချက်အရ သိရသည်။

‌လေး‌ကေ‌ကော် ရပ်ကွက် ၃တွင် ‌နေထိုင်ခဲ့သည့် စစ်‌ရှောင်ပြည်သူတစ်ဦးက “မ‌နေ့က ည‌နေပိုင်း သိပ်မရွာ‌သေးဘူး။ ညဦးပိုင်း မိုးတအားကြီးရွာ‌တော့ ‌နေလို့ထိုင်လို့ မရ‌တော့ဘူး။ မိုးပက်တာရယ်၊ ‌လေတိုက်တာရယ်‌ကြောင့် တာလပတ် စ‌တွေ ဆွဲပြီး ငုတ်တုတ်ထိုင် မိုးခို‌နေကြရတယ်။ အများစုက ယာယီ တာလပတ် အမိုးနဲ့ သစ်ကိုင်းဝါးကိုင်း‌တွေ ‌ထောက် ပြီး‌နေ‌နေကြတာဆို‌တော့ မိုးရွာ‌တော့ ‌မြေကြီးမှာလည်း မိုး‌ရေစီးကျလာ‌တော့ အိပ်လို့ မရ‌တော့ဘူး။ အချို့က‌တော့ ‌လေး‌ကေ‌ကော်သူကြီးစစ်‌ရှောင်စခန်းက တာလပတ်အမိုးကိုင်း‌တွေနဲ့ လုပ်ထားတဲ့‌နေရာ‌တွေသွားပြီး မိုးခို‌နေရတယ်။” ဟု ‌ပြောဆိုသည်။

‌လေး‌ကေ‌ကော်ငြိမ်းချမ်း‌ရေးမြို့၏ ရပ်ကွက် ၆ခု အပါအဝင် ထီးမယ်ဝါးခီး၊ ပဟိက‌လော်၊ ရ‌သေ့ဂူ၊ ဖလူးကြီး၊ ဖလူး‌လေး ရွာများမှ ‌ဒေသခံ စစ်‌ဘေး‌ရှောင် ၅၀၀ဝ ဝန်းကျင်ခန့်မှာ ‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက်ရှိ ကိုင်း‌တောများ၊ သဲ‌သောင် ခုံများတွင် ယာယီ အမိုးအကာဖြင့် ခိုလှုံ‌နေထိုင်‌နေရဆဲဖြစ်သည်။

ထို့အပြင် ‌လေး‌ကေ‌ကော်သူကြီး စစ်‌ရှောင်စခန်းတွင် စစ်‌ဘေး‌ရှောင် ၂၀၀ဝခန့် စု‌ဝေး‌နေထိုင်‌နေကြရပြီး ‌ကျေးရွာအစုအ ဖွဲ့အလိုက်နှင့် မိသားစုအလိုက်‌နေထိုင်သူများမှာ ‌သောင်ရင်းမြစ်‌ဘေးတစ်‌လျှောက် ဖလူး‌လေးရွာအလွန် ‌ပြောင်းခင်း‌နေ ရာမှ ‌သေ့‌ဘောဘိုး‌ကျေးရွာဘက်အထိ ယာယီ ‌ရွှေ့‌ပြောင်း‌နေထိုင်‌နေကြရ‌ကြောင်း ကူညီ‌ပေးသူများက ‌ပြောသည်။

Photo: CJ

အဆိုပါ စစ်‌ဘေး‌ရှောင်များ၏ စား‌သောက်‌ရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ တပိုင်တနိုင် အလှူရှင်များ၊ မြန်မာ‌ရွှေ့ ‌ပြောင်းလုပ်သား ပရဟိတအဖွဲ့များ၊ KNU ကရင်အမျိုးသားအစည်းအရုံး၏ စစ်‌ဘေး‌ရှောင်ကူညီ‌ရေးအဖွဲ့များနှင့် နယ်စပ် အ‌ခြေစိုက် အခြားစစ်‌ဘေး‌ရှောင်ကူညီ‌ရေးအဖွဲ့များက စားနပ်ရိက္ခာများ၊ ‌ဆေးဝါးများ၊ လူသုံးပစ္စည်းများ ‌နေ့စဉ်ပို့‌ဆောင် ‌ထောက်ပံ့‌ပေးလျှက်ရှိသည်။

သို့‌သော် ကူညီ‌ထောက်ပံ့‌ရေးအဖွဲ့များ လက်လှမ်းမမှီသည့်‌နေရာများတွင် ‌ရှောင်တိမ်း‌ရောက်ရှိ ‌နေထိုင်‌နေကြသည့် စစ် ‌ရှောင်များမှာမူ စား‌သောက်‌ရေး၊ ‌နေထိုင်‌ရေး အခက်အခဲများ ရှိ‌နေ‌သေး‌ကြောင်း စစ်‌ဘေး‌ရှောင် ကူညီ‌နေသူများ၏ ‌ပြော ဆိုချက်များအရ သိရသည်။

“တချို့က ‌သောင်ရင်းမြစ်‌ဘေး မဟုတ်ဘဲ အတွင်းဘက်ကျတဲ့‌နေရာ‌တွေဘက် စစ်‌ဘေး‌ရှောင်ရင်း ‌ရောက်‌နေကြတယ်။ ကျ‌နော်တို့ကလည်း မြန်မာဘက်ကမ်းကူးပြီး သွားပို့‌ပေးလို့ မရဘူး။ ထိုင်းဘက်ကမ်းက‌နေ သူတို့စစ်‌ရှောင်အစုအဖွဲ့ ‌ခေါင်း‌ဆောင်‌တွေနဲ့ ချိတ်ဆက်ပြီး စား‌သောက်စရာ‌တွေ၊ သူတို့လိုအပ်တာ မှာတာ‌လေး‌တွေ ပို့‌ပေးရတဲ့ အ‌ခြေအ‌နေမျိုးပဲ ရှိပါတယ်။”ဟု မဲ‌ဆောက်မြို့ရှိ စစ်‌ဘေး‌ရှောင်ကူညီ‌နေသူတစ်ဦးက ‌ပြောသည်။

အလားတူ မြဝတီမြို့ဘက်မှ သွား‌ရောက်ကူညီ‌ပေးသူများမှာလည်း မဲ့‌ထော်သ‌လေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်‌ကျေးရွာ အထိသာ ဝင်‌ရောက်နိုင်ခဲ့ပြီး ‌လေး‌ကေ‌ကော်ဘက် သွား‌ရောက်ကူညီ‌ပေးရန် စစ်‌ကောင်စီတပ်က သွားခွင့်မ‌ပေးသဖြင့် အတွင်းပိုင်းကျကျ စစ်‌ရှောင်‌နေကြရသူများအတွက်ကိုမူ နီးစပ်ရာ စစ်‌ရှောင်များမှ တစ်ဆင့်ခံ ချိတ်ဆက်‌ပေးပို့ကူညီ‌နေ ရ‌ကြောင်း သိရှိရသည်။