Home သတင်း ၇၃နှစ်‌မြောက် ကရင့်အမျိုးသား ‌တော်လှန်‌ရေး‌နေ့အတွက် ‌တော်လှန်သူတို့၏ ‌ပြောစကားများ

၇၃နှစ်‌မြောက် ကရင့်အမျိုးသား ‌တော်လှန်‌ရေး‌နေ့အတွက် ‌တော်လှန်သူတို့၏ ‌ပြောစကားများ

1593

၇၃နှစ်‌မြောက် ကရင့်အမျိုးသား ‌တော်လှန်‌ရေး‌နေ့အတွက် ‌တော်လှန်သူတို့၏ ‌ပြောစကားများ

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့သည် ၇၃နှစ်‌မြောက် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့ ဖြစ်သည်။ ထို‌နေ့အတွက် အလွှာအသီးသီးက ‌တော်လှန်သူတို့၏ ‌ပြောစကားများကို စုစည်း‌ဖော်ပြလိုက်ပါသည်။

မသဉ္ဇာရွှန်းလဲ့ရည် (ဒီမိုက‌ရေစီ တက်ကြွလှုပ်ရှားသူ ACDD)
ဇန်နဝါရီလ ၃၁ရက်မှာ ကျ‌ရောက်မယ့် ၇၃နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ကို ဂုဏ်ပြုအပ်ပါတယ်။ ကျဆုံး ခဲ့ရတဲ့ ကရင့်သူရဲ‌ကောင်း‌တွေရဲ့ မျိုးဆက်အလိုက် ‌ပေးဆပ်ခဲ့မှု‌တွေ၊ ‌တော်လှန်သတ္တိ‌တွေအ‌ကြောင်း ပြန်‌ပြောင်း‌အောက် ‌မေ့မိတယ်။ ထိပါးကျူး‌ကျော် ဖိနှိပ်မှု‌တွေအကြားမှာ နှစ်‌ပေါင်း ၇ဝ ‌ကျော်အထိ လူမျိုးစုအခွင့်အ‌ရေး၊ လူမျိုးစု ရပိုင်ခွင့် ‌တွေအတွက် ဘယ်သူ‌တွေ ‌ဖောက်ပြန်‌နေပါ‌စေ စဉ်ဆက်မပြတ် ‌တော်လှန်တိုက်ယူခဲ့ကြတဲ့ ကရင့်‌တော်လှန်‌ရေးရဲ့ လမ်းပြမှုကို ‌နွေဦး‌တော်လှန်‌ရေးမျိုးဆက်က အတုယူသွားပါမယ်။

‌စောဆာ့က‌ပေါ် (ပ.က.ဖ-ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊ ကရင်ပြည်နယ်)
၇၃နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့မှာ ကရင်တမျိုးသားလုံး ညီညွတ်နိုင်ပါ‌စေလို့ ဦးစွာ ‌ပြောလိုပါတယ်။ တကယ်‌တော့ (၇၃)နှစ်ဆိုတာ လူတစ်ဦးမှတ်တမ်းနဲ့ညီပါတယ်။ လူတ‌ယောက် တကယ်လို့ အသက်(၇၀)‌လောက် ‌နေရ မယ်ဆိုရင် သက်တမ်းတခုဖြစ်တယ်။ လူတစ်ဦးရဲ့သက်တမ်းနဲ့အညီ ‌တော်လှန်‌ရေးဟာလည်း ‌အောင်ပွဲနှင့်အတူ အဆုံး သတ်ဖို့ အချိန်တန်သလို အချိန်အခါ‌ကောင်းလည်း ဖြစ်တယ်။ ကျ‌နော်တို့လက်ထက်မှာ ‌တော်လှန်‌ရေးကို အဆုံးသတ်ဖို့ လိုတယ်။ ‌နောင်မျိုးဆက်ကို လွတ်လပ်လုံခြုံမှုရှိ‌သော ဖက်ဒရယ်စနစ်မျိုးနဲ့ ထားခဲ့ချင်တယ်။ ‌တော်လှန်‌ရေးလို့ ‌ပြောတဲ့ အခါမှာ “ဘာကို‌တော်လှန်‌နေသလဲ” “ရန်သူက ဘာလဲ” “ဘာ‌ကြောင့် မ‌အောင်မြင်‌သေးလဲ” ပြန်သုံးသပ်ဖို့ လိုတယ်။ မဟုတ်ရင် ‌တော်လှန်‌ရေးက သွားလိုတဲ့ပန်းတိုင် အလှမ်း‌ဝေးသွားနိုင်တယ်။

ပြီးခဲ့တဲ့နှစ်‌တွေကို သင်ခန်းစာရယူဖို့ လိုတယ်။ ကရင်အမျိုးသားအချင်းချင်း မညီမညွတ်ဖြစ်‌နေရင် “ဘုံရန်သူ ဟာ ‌ပျောက်‌နေပြီး‌တော့ အချင်းချင်းရန်ဖြစ်တာနဲ့တင် အချိန်ကုန်သွားနိုင်တယ်။ ဒီ‌နေ့ကာလမှာ တိုင်းရင်းသားပြည်သူ ‌ပေါင်းစုံ ပါဝင်တဲ့ ‌နွေဦး‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်‌နေတယ်။ ‌နွေဦး‌တော်လှန်‌ရေးဟာလည်း တစ်နိုင်ငံလုံး ဖက်ဒရယ်ဒီမို က‌ရေစီ ပြည်‌ထောင်စု‌ပေါ်‌ပေါက်‌ရေးအတွက် ပန်းတိုင်ထားပြီးသွား‌နေတာဖြစ်တယ်။ ဒါ‌ကြောင့် ဒီ‌နေ့ကျ‌ရောက်တဲ့ ကရင့်‌တော်လှန်‌ရေးမှသည် ‌ရှေ့နှစ်‌တွေအတွက် ‌တော်လှန်‌ရေးအ‌တွေ့အကြုံ‌တွေကို သင်ခန်းစာရယူပြီး‌တော့ ‌နွေဦး ‌တော်လှန်‌ရေးနဲ့အတူ အခွင့်‌ကောင်းတစ်ခုယူပြီး ပန်းတိုင်ကို အ‌ရောက်သွားကြရမှာဖြစ်တယ်။ ‌တော်လှန်‌ရေး အ‌တွေ့အ ကြုံ‌ကောင်း‌တွေနဲ့ အချိန်အခါ‌ကောင်းကို အမိအရ ဆုပ်ကိုင်ရယူပြီး ပန်းတိုင်‌ရောက်‌အောင် ကရင့်တမျိုးသားလုံး ညီညီ ညွတ်ညွတ်သွားကြပါစို့။

နန်းက‌လောင်ကလိုင်း‌ဘောင် (CDM ‌ကျောင်းဆရာမ)
လွတ်လပ်‌ရေးရပြီး‌နောက်ပိုင်း တိုင်းရင်းသား‌တွေဟာ တန်းတူညီမျှ အခွင့်အ‌ရေးမရရှိတဲ့အတွက်‌ကြောင့် ကရင် ‌တွေစပြီး ‌တော်လှန်‌ရေး လုပ်လာခဲ့တာ ၇၃နှစ်‌တောင် တိုင်ခဲ့ပြီ။ ဒီ ၃၁-၁-၂၀၂၂ရက်‌နေ့မှာ ကျ‌ရောက်တဲ့ ကရင့်‌တော် လှန်‌ရေး‌နေ့မှာ အာဏာဖီဆန်‌ရေးလုပ်‌ဆောင်လာခဲ့သူ CDM တစ်ဦးအဖြစ် ‌ပြောချင်တာက‌တော့ ကျမတို့‌တွေ ပူး‌ပေါင်း ပြီး အာဏာရှင်ကို အမြစ်ပြတ်သည်အထိ နည်းမျိုးစုံနဲ့ ‌တော်လှန်ကြရပါမယ်။ လက်ရှိ ‌တော်လှန်‌ရေးစစ်‌မြေပြင်ကို ‌ရောက်ရှိ‌နေကြတဲ့ ကရင်တိုင်းရင်းသားအားလုံးလည်း ကျဆုံးသွားခဲ့တဲ့ ကရင့်အာဇာနည်၊ သူရဲ‌ကောင်း‌တွေအ‌ပေါ် ‌လေးစားမြတ်နိုး တန်ဖိုးထားပြီး အစဉ်သဖြင့် ဂုဏ်ယူ‌နေရမှာပါ။ ဒီအတွက် ကရင်အမျိုးသားတစ်ရပ်လုံးရဲ့ ကရင့်‌တော် လှန်‌ရေး‌နေ့ကို သိရှိပြီး အမျိုးသား‌ရေးစိတ်ဓာတ် ပြင်းပြလာဖို့ တိုက်တွန်းလိုပါတယ်။

ကရင်တိုင်းရင်းသားမှ မဟုတ်ဘဲ အခြား‌သော တိုင်းရင်းသား‌တွေအားလုံးလည်း လူမျိုးကြီးဝါဒကို အပြီးတိုင် စွန့်လွှတ်ပြီး ငြိမ်းချမ်းပြီး တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံ‌တော်သစ်ဆီ ချစ်ခင်ကြင်နာ ‌လေးစားအားထားရ တဲ့ တိုင်းရင်းသားညီအစ်ကို ‌မောင်နှမများ ယခု ၇၃နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့က‌နေ ‌နောင်အစဉ်အဆက်တိုင် ‌အောင် အမျိုးသား‌ရေးအသိနဲ့အတူ အာဏာရှင်မှန်သမျှ တွန်းလှန်ပြီး တန်းတူအခွင့်အ‌ရေးရှိမယ့် နိုင်ငံ‌တော်သစ်ဆီ ‌လျှောက်လှမ်းကြပါစို့လို့ ‌ပြောချင်ပါတယ်။

ကို‌နှောင်းထက်‌အောင် (မုံရွာပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့)
ကျ‌နော်တို့မြန်မာနိုင်ငံမှာ ‌သွေးချင်းညီအစ်ကို‌မောင်နှမ မိဘပြည်သူ‌တွေအားလုံးရဲ့ မငြိမ်းချမ်းခြင်း‌တွေနဲ့ ပူပင် ‌သောက စစ်မီး‌တောက်‌တွေကြားမှာ ဖြတ်သန်းလာခဲ့ကြတာဟာ ရာစုနှစ်တစ်ဝက်‌ကျော် ဆိုတဲ့အတိုင်းပဲ နှစ်‌ပေါင်း ၇ဝ ‌ကျော်ကြာရှိခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအ‌ခြေအ‌နေအရဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြီးမားဆုံး ပြည်တွင်း စစ်ကို ရင်ဆိုင်‌နေကြရတာပါ။ မတရားဖိနှိပ်မှု‌တွေအ‌ပေါ်မှာ နှစ်‌ပေါင်း ၇၀‌ကျော်လုံးလုံး တိုင်းပြည်အတွက်၊ လူမျိုးစုအ တွက် ယခုအချိန်ထိ အနစ်နာခံ‌တော်လှန်တိုက်ပွဲဝင်‌ပေးဆဲဖြစ်တဲ့ ကရင်‌တော်လှန်‌ရေးနဲ့ ကရင်အာဇာနည်၊ သူရဲ‌ကောင်းများအတွက် ဇန်နဝါရီလ ၃၁ရက်‌နေ့မှာ ကျ‌ရောက်တဲ့ ၇၃နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ကို ဂုဏ်ပြု ရင်း ဦးညွတ် အ‌လေးပြု၊ ဂါရဝပြုအပ်ပါတယ်။

ယခု လက်ရှိအ‌ခြေအ‌နေမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်‌ရေးအစုအဖွဲ့‌တွေအားလုံးက မဟာမိတ်‌ကြေညာ သတ်မှတ်‌နေမှ မဟုတ်ပါဘူး။ အားလုံးက ညီညွတ်ရပါမယ်။ ‌ပေါင်းစည်းပြီးသား မှတ်ယူရပါမယ်။ လူငယ်‌တွေအ‌နေနဲ့ အရာရာ မျက်စိစုံမှိတ် တိုက်ပွဲဝင်‌တော်လှန်‌နေကြတဲ့အချိန်မှာ လူကြီးပိုင်း အကြီးအကဲ‌တွေအ‌နေနဲ့ ပိုပြီး‌တော့ အလုပ် လုပ်ကြရပါမယ်။ NUG အစိုးရနဲ့ ‌မြေပြင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့‌တွေ၊ EAO အဖွဲ့အစည်း‌တွေအားလုံးနဲ့ အမြန်ဆုံး အချိတ်အဆက်မိ‌အောင်၊ ပိုပြီးယုံကြည်မှုရှိ‌အောင် ‌ပေါင်းစည်း‌ရေး‌တွေ အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်နိုင်မယ်ဆိုရင်‌တော့ ပိုပြီး‌တော့ထိ‌ရောက်တဲ့ ‌တော်လှန်‌ရေးကြီး ဖြစ်လာမှာပါ။ အ‌ရေး‌တော်ပုံ အမြန်ဆုံး ‌အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

စခန့်သူလှိုင် (ကိုရီးယား ကရင်လူငယ်)
ကရင့်‌တော်လှန်‌ရေးတစ်‌လျှောက် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ‌ပေးဆပ်ဆုံးရှုံးခဲ့ရတာ‌တွေက အတိုင်းအဆမဲ့ပါ ပဲ။ အစက‌တော့ ကရင့်‌တော်လှန်‌ရေးဟာ နှစ်‌ပေါင်း(၇၀)သာ ‌ကျော်လာခဲ့တာ‌တောင် ကျ‌နော်တို့လူမျိုး‌တွေ ဆင်းရဲဒုက္ခ မျိုးစုံနဲ့ အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြရတယ်ဆိုပြီး မချိတင်ကဲ ဖြစ်ခဲ့မိတယ်။ ဒါ‌ပေမဲ့ ယ‌နေ့ ကရင့်အမျိုးသား‌တော်လှန် ‌ရေးကို ပြန်လည်သုံးသပ်မိတဲ့အခါမှာ‌တော့ ကျ‌နော်တို့ကရင်အမျိုးသား‌တော်လှန်‌ရေး အဖွဲ့အစည်းကြီးကို နည်း‌ပေါင်းစုံ နဲ့ ပြိုကွဲ‌အောင်လုပ်ပြီး နှိမ်နင်းနှိပ်ကွပ်‌နေတဲ့ကြားက ကရင့်‌တော်လှန်‌ရေးဟာ (၇၃)နှစ်တိုင်‌အောင် ကြံ့ကြံ့ခံ ခုခံ‌တော် လှန်ရပ်တည်‌နေနိုင်တာကို အင်မတန်မှ ချီးကျူးဂုဏ်ယူမိပါတယ်။ ‌အောင်မြင်မှုရသည်အထိ ဆက်လက်‌တော်လှန်သွား ကြမယ့် ကရင့်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်၊ သူရဲ‌ကောင်းများနဲ့ ကရင့်‌တော်လှန်‌ရေးကို ‌ထောက်ခံဝန်းရံ‌နေကြတဲ့ ကရင် ပြည်သူလူထုကြီးကို အင်မတန်မှ ‌ကျေးဇူးတင် ‌လေးစားရပါတယ်။ ဒါ‌ကြောင့် (၇၃)နှစ်‌မြောက်မှာ ကရင့်ကြမ္မာ ကရင် ဖန်တီးနိုင်ပြီး ကိုယ့်ကရင့်လက်နက်နဲ့ ကိုယ့်ကရင်ပြည်သူကို အပြည့်အဝ ကာကွယ်‌ပေးနိုင်ဖို့၊ ‌ကော်သူး‌လေပြည် ရရှိ သည်အထိ ကျရာ‌နေရာက တတ်စွမ်းသ‌လောက် အတူတကွ ဆက်လက် ကြိုးစားသွားကြရမှာပါ။

ပြီး‌တော့ ဒီ‌နွေဦး‌တော်လှန်‌ရေးမှာ ကရင်‌တော်လှန်‌ရေးကို ပိုမိုအရှိန်မြှင့်ပြီး ကိုယ့်နယ်‌မြေကို ‌သေချာထိန်းသိမ်း အုပ်ချုပ်နိုင်‌အောင် ကြိုးစားပြီး တခြား‌တော်လှန်‌ရေးအင်အားစု‌တွေနဲ့အတူ ဖက်ဒရယ်ရရှိ‌အောင်ကြိုးစားတာက ပိုနီးစပ် မယ်ထင်တယ်။ လက်‌တွေ့မှာ‌တော့ ‌နွေဦးမှာ အမိအရဖမ်းဆုပ်ပြီး ကရင်‌တော်လှန်‌ရေးကျစ်လစ်‌အောင် စုစည်းအရှိန် မြင့်ရင်း ကျန်‌တော်လှန်‌ရေးအင်အားစု‌တွေနဲ့အတူ ဘုံရန်သူကိုအပြတ်ရှင်းရမှာဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးနဲ့ လက်‌တွေ့ အကျဆုံးက ဖက်ဒရယ်ပြည်‌ထောင်စုကြီး တည်‌ဆောက်တာပဲလို့ မြင်တယ်။ ကရင်‌တွေ လုံးဝ လွတ်လပ်ပြီး ကျန်တိုင်း ရင်းသားအားလုံးနဲ့အတူ ဖက်ဒရယ်စနစ် ‌ဖော်‌ဆောင်သွားဖို့ ဘုံရန်သူကို ပြတ်ပြတ်သားသား တိုက်ထုတ်ရ‌တော့မဲ့အချိန် နဲ့ အင်အားလည်းရှိ‌နေပြီးလို့ပဲ မြင်ပါတယ်။

ကိုရဲမင်း (AAC)
အခုလာမယ့် ဇန်နဝါရီလ ၃၁ ရက်‌နေ့မှာ ကရင့်‌တော်လှန်‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်ခဲ့တာ ၇၃ နှစ်ပြည့်တိုင်ခဲ့ ပြီး‌ပေါ့။ ကရင့်‌တော်လှန်‌ရေးနဲ့အတူ လက်ရှိမှာလည်း ကျ‌နော်တို့ တိုင်းပြည်မှာ ‌နွေဦး‌တော်လှန်‌ရေး ကလည်း ‌ပေါ်‌ပေါက်လာခဲ့တယ်။ ဒီတစ်ချိန် ‌နွေဦး‌တော်လှန်‌ရေးက ထူးထူးခြားခြားပဲ ဗမာလူမျိုးကြီးဝါဒနဲ့ အကြမ်းဖက် အုပ်ချုပ်‌နေတဲ့ ဗမာစစ်တပ်ကို ဗမာလူမျိုး‌တွေ အများစုက ပြန်ပြီး‌တော့ ‌တော်လှန်တဲ့ အ‌နေအထားဖြစ်လာတယ်။ ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ်ခဲ့ကြတယ်။ ရက်ရက်စက်စက် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတယ်။ မြန်မာ နိုင်ငံသူ နိုင်ငံသား‌တွေ တိုင်းရင်းသား အားလုံးပါတယ်။ အဲ့‌နောက်ပိုင်း ‌နွေဦး‌တော်လှန်‌ရေးက လက်နက်စွဲကိုင် ‌တော်လှန်ရတဲ့ အဆင့်ကို ‌ရောက်ရှိခဲ့ရတယ်။ ကရင့်‌တော်လှန်‌ရေး ကလည်း နှစ်‌ပေါင်း ၇ဝ ‌ကျော်ကြာ နိုင်ငံ‌ရေး နည်းလမ်းနဲ့‌ကော စစ်‌ရေးနည်းလမ်းနဲ့‌ကော လက်နက်စွဲကိုင်‌တော်လှန်ခဲ့ရတယ်။

အဲထဲမှာ ရက်စက်မှု၊ သတ်ဖြတ်မှု‌တွေ ဗမာလူမျိုးကြီးဝါဒ စစ်အုပ်စု‌တွေ အနိုင်ကျင့်ခဲ့တယ်။ ဖိနှိပ်ခဲ့ကြတယ်။ ကျ‌နော်တို့ ကိုယ်တိုင် တိုင်းရင်းသား နယ်‌မြေ‌ရောက်လာမှ ဒါ‌တွေကို ပိုသိလာရတယ်။ အဲ့‌တော့ ကရင်တိုင်းရင်းသား‌တွေ အကြမ်းဖက် စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံခဲ့ရသလို အခု ပြည်တွင်းက ဗမာအများစုကလည်း ခံ‌နေကြရပြီး။ အဲ့‌တော့ ကရင့်‌တော်လှန်‌ရေးနဲ့ ‌နွေဦး‌တော်လှန်‌ရေးက ပိုနီးစပ်လာတယ်။ အဲ့‌တော့ ဒီ ၇၃ နှစ်‌မြောက်ကရင့်‌တော်လှန်‌ရေးမှသည် မြန်မာနိုင်ငံ တိုင်းရင်းသား ညီအစ်ကို‌မောင်နှမ အားလုံး စုစည်းပါဝင်‌တော့ ဖက်ဒရယ် စနစ်ကျတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီ စနစ်ဆီသို့ အမြန်ဆုံး ‌ရောက်ရှိနိုင်မယ်လို့ ‌မျှော်လင့်တယ်။

ဒီ ၇၃ နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး၊ ‌နွေဦး‌တော်လှန်‌ရေးမှသည် မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်အာဏာရှင် စနစ်လက်‌အောက်က လွတ်‌မြောက်‌ရေးနဲ့ ဗမာလူမျိုးကြီးဝါဒ နဲ့ တစ်ဦးတစ်‌ယောက်‌ကောင်းအတွက် ပြည်သူလူထုကို ချနင်း‌နေတဲ့ အကြမ်းဖက်စစ်အာဏာရှင် စနစ်ဆိုးကို မြန်မာ့‌မြေ‌ပေါ်က‌နေအပြီးတိုင် ‌ပျောက်ကွယ်သွားနိုင်ဖို့ ကျ‌နော် တို့‌တွေ ဆက်လက်ကြိုးစား တိုက်ပွဲဝင်ရင်းနဲ့ ‌အောင်မြင်ပန်းတိုင်ရလိမ့်မယ်လို့ ကျ‌နော့်အ‌နေနဲ့ ယုံကြည်ပါတယ်။

စထွဋ်‌ဝေ‌အောင် (ဧရာဝတီတိုင်း ကရင်လူငယ်)
ဒီ ၇၃ နှစ်ပြည့်မှာ ကရင်လူမျိုး‌တွေအတွက် လွတ်လပ်‌ရေးနဲ့အတူ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နဲ့ တန်းတူ အခွင့်အ‌ရေးအတွက်ကို ခုခံတိုက်ပွဲဝင်ခဲ့တဲ့ ‌စောဘဦးကြီးတကွ ကျဆုံးသွားတဲ့ ကရင်ရဲ‌ဘော်‌တွေ ‌ခေါင်း‌ဆောင်‌တွေ ပြည်သူလူထု‌တွေကိုလည်း သမိုင်းတင်ဂုဏ်ပြုပါတယ်။ ဒီကရင့်‌တော်လှန်‌ရေးကာလတစ်‌လျှောက်မှာ ‌အောင်မြင်မှု‌တွေ ရှိခဲ့သလို သင်ခန်းစာ ယူစရာလည်း အများကြီး ရှိ‌နေပါတယ်။ ကရင်လူမျိုး‌တွေအတွက် တန်းတူ‌ရေးနဲ့ လွတ်လပ်‌ရေး အတွက် တိုက်ပွဲဝင်‌နေတဲ့အချိန်မှာ အဓိက အားနည်းချက်ဖြစ်‌စေတာက တဖြည်းဖြည်းနဲ့ ဒီ‌တော်လှန်‌ရေးမှာပါဝင်မှု အားနည်းလာတာပါပဲ။ ပြီးရင်လည်း ရန်သူရဲ့ ထိုးနှက်မှု ပြည်သူလူထု‌တွေရဲ့ စည်းလုံးမှုအ‌ပေါ်မှာ ဖျက်ဆီး‌နေမှု ဟာလည်းပဲ ကိုယ့်ကရင်လူမျိုး‌တွေရဲ့ ကိုယ်ခံအား အားနည်းမှုအ‌ပေါ်မှာ ကျ‌နော်တို့ရဲ့ အားနည်းချက် ဖြစ်‌စေတာပါပဲ။

အခု ၂၀၂၁ နဲ့ ၂၀၂၂ ကာလ‌တွေက ကရင်‌တော်လှန်‌ရေးအတွက် အလွန်အ‌ရေးကြီးတဲ့ကာလဖြစ်တယ်။ ကရင် ပြည်သူလူထု‌တွေအ‌နေနဲ့ ကရင့်‌တော်လှန်‌ရေးမှာ ဆက်လက်ပါဝင်ဖို့ ကရင်လူငယ်တစ်‌ယောက်အ‌နေနဲ့ ‌တောင်းဆို တယ်။ ဒီအ‌ခြေအ‌နေမှာလည်းပဲ ကရင်လူထု အဖွဲ့အစည်း‌တွေ ကရင်အမျိုးသား‌ရေးကို ဦး‌ဆောင်‌နေတဲ့ KNU ရှိတယ်။ ဒီဟာ အားလုံးအ‌နေနဲ့ ကရင်အမျိုးသားတစ်ခုတည်း အ‌နေနဲ့ စုစည်းမှု ညီညွတ်မှု‌အောက်က‌နေပြီး‌တော့ ကရင်အမျိုး သားပန်းတိုင်၊ ‌ကော်သူး‌လေ ပန်းတိုင်ကို ဆက်လက်ပြီး‌တော့မှ ဟန်ချက်ညီညီနဲ့ ပူး‌ပေါင်းပါဝင်ပြီး ‌တော့မှ လုပ်‌ဆောင် သွားဖို့အတွက် တိုက်တွန်းလိုတယ်။

နန့်မြ (မြစ်ဝကျွန်း‌ပေါ် ကရင်လူငယ်)
ကရင်‌တော်လှန်‌ရေးသမိုင်းတစ်‌လျှောက်မှာ ကျမတို့ ကရင်‌တော်‌တော်များများက လူမျိုး‌ရေးအ‌ပေါ်မှာ အ‌ခြေအရမ်းခံခဲ့ကြတယ်။ ဘာသာ‌ရေးအ‌ပေါ်မှာ အ‌ခြေအရမ်းခံခဲ့ကြတယ်။ အဲ့ဒီလိုမျိုးကို ‌တွေ့လာခဲ့ရတယ်။ သင်ယူမှတ်သားခဲ့ရတယ်။ ကရင်‌တော်လှန်‌ရေးနဲ့ပတ်သက်ရင် အဲ့‌လောက်ကြီးကြီး ကျယ်ကျယ်‌ပြောစရာမရှိသလို အဲ့‌လောက် ‌ပြောရ‌လောက်‌အောင်လည်း အ‌ခြေအ‌နေ မရှိခဲ့ဘူး။ ကရင့်‌တော်လှန်‌ရေးလုပ်လာခဲ့တာ နှစ် ၇ဝ ‌ကျော်လာ တဲ့အတွက် ဒါက‌အောင်မြင်‌နေတယ်လို့ပဲ အကြမ်းအားဖြင့် ‌ပြောလို့ရတယ်။ ပြီး‌တော့ အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ကျမအ‌နေနဲ့ အများကြီး မခံစားရဘူး။ အာဏာသိမ်းလိုက်‌တော့ အရမ်းခံစားလိုက်ရတာက ဗမာပြည်သူ လူထုဖြစ်လိမ့် မယ်လို့ ကျမထင်တယ်။ အာဏာ မသိမ်းခင်ကတည်းက ကျမတို့ ကရင်‌တွေက ‌တော်လှန်‌နေခဲ့တာပဲ။ အာဏာသိမ်း လိုက်‌တော့လည်း ကျမတို့ ‌တော်လှန်သက် ပိုရှည်သွားတယ်လို့ပဲ ခံစားလိုက်ရတယ်။ ထို့နည်းတူစွာပဲ ကျမတို့ ညီအစ်ကို‌မောင်နှမ တိုင်းရင်းသား‌တွေ ရခိုင်တို့၊ ကချင်တို့လည်းပဲ အဲ့လို ခံစားရလိမ့်မယ်လို့ ထင်တယ်။

ဒီဗမာ့နိုင်ငံ‌ရေးထဲမှာ ကျမတို့ တိုင်းရင်းသား‌တွေကို ဘယ်လို‌တွေ ဆက်ဆံခဲ့လဲ၊ ဗမာ‌တွေ‌ပြောတဲ့ ငြိမ်းချမ်း ‌ရေးသည် ကျမတို့အတွက် ဘယ်‌လောက်အထိ အ‌ခြေအ‌နေ‌ပေးခဲ့လဲဆိုတာ သင်ခန်းစာအများကြီး ပြန်ယူဖို့လိုမယ်လို့ ထင်တယ်။ ပြီး‌တော့ ‌နောက်တစ်ခုက လူငယ်‌တွေရဲ့ အ‌ရေးအရာကိုလည်း အများကြီးထည့်သွင်းပြီး‌တော့မှ စဉ်းစားသင့်တယ်။ လူငယ်‌တွေသည် သမိုင်းတစ်‌လျှောက်နဲ့ နိုင်ငံ‌ရေးကျင်လည်ခဲ့ရတဲ့ တစ်‌လျှောက်မှာ လူကြီး‌ခေါင်း ‌ဆောင်‌တွေရဲ့ ‌စေခိုင်းမှု‌တွေအ‌ပေါ် လိုက်နာခဲ့ကြတယ်ဆိုတာကို မ‌မေ့ခြင်းအားဖြင့် ကျမတို့ လူငယ်‌တွေကို ပြန်သတိရ‌ပေးဖို့လိုမယ်။