Home သတင်း စစ်‌ဘေး‌ရှောင်ရွာသူရွာသား ၂၀၀ဝနီးပါးကို KWO ‌ထောက်ပံ့ကူညီ

စစ်‌ဘေး‌ရှောင်ရွာသူရွာသား ၂၀၀ဝနီးပါးကို KWO ‌ထောက်ပံ့ကူညီ

1436
Photo: KWO

ဇန်နဝါရီ ၈ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ‌ကော့ကရိတ်‌တောင်ပိုင်းရှိ ‌ကျေးရွာ ၇ရွာမှ စစ်‌ဘေး‌ရှောင်လျှက်ရှိ‌သော ‌ဒေသ ခံရွာသူရွာသား ၁၉၀ဝဦးကို ဇန်နဝါရီလ ၇ရက်‌နေ့က သွား‌ရောက်ကာ ‌ထောက်ပံ့ကူညီ‌ပေးခဲ့‌ကြောင်း ဒူးပလာယာခရိုင် KWO တာဝန်ရှိသူများက ‌ပြောသည်။

ပြီးခဲ့သည့်လက ‌ဒေသတွင်း ပစ်ခတ်မှုများ‌ကြောင့် ‌ဘေးလွတ်ရာသို့ ‌ရှောင်တိမ်း‌နေထိုင်‌နေကြသည့် မြို့‌ဟောင်း၊ ‌ကော့ နွဲ၊ အံက‌လော်၊ တတန်ကူး၊ ရွာသစ်ကုန်း၊ ‌ကျောက်စလစ်ကုန်းနှင့် ‌ရေလည်ကျွန်း‌ကျေးရွာများမှ စစ်‌ဘေး‌ရှောင်‌ဒေသခံ များကို တစ်ဦးလျှင် ဆန်တစ်တင်းစာ ‌ငွေ‌ကြေးကို ပံ့ပိုး‌ပေးခဲ့ခြင်းဖြစ်‌ကြောင်း ဒူးပလာယာခရိုင်၊ KWO ဥက္ကဌ ‌နော်‌မေရီ ‌ဌေးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျမတို့ KWO ဗဟိုရဲ့ စီစဉ်‌ပေးမှုနဲ့ ‌ကော့နွဲ‌ကျေးရွာအုပ်စုထဲမှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတဲ့ လူထု‌တွေအတွက် ကျမ တို့က ဆန်‌တွေ‌ဝေ‌ပေးတာပါ။ သို့‌သော် အ‌ခြေအ‌နေအရ ဆန်မဝယ်နိုင်‌တော့ ဆန်ဝယ်ဖို့ပိုက်ဆံကိုပဲ ‌ပေးလိုက်ရတယ်။ တစ်‌ယောက်ကို ဆန်တစ်တင်းနှုန်းနဲ့ အ‌ယောက်တိုင်းကို ‌ပေးလိုက်တာပါ။”ဟု ‌နော်‌မေရီ‌ဌေးက ‌ပြောသည်။

အဆိုပါ‌ဒေသခံများကို ‌ထောက်ပံ့‌ပေး‌ငွေမှာ စုစု‌ပေါင်း ‌ငွေကျပ်သိန်း ၂၅၀‌ကျော်ရှိ‌ကြောင်း ဒူးပလာယာခရိုင်နှင့် ‌ကော့က ရိတ်မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး တာဝန်ရှိသူများထံမှ သိရသည်။

ယင်းသို့ စစ်‌ဘေး‌ရှောင်‌ဒေသခံများကို KWO က သွား‌ရောက်ကူညီ‌ပေးပြီး‌နောက် ထို‌နေ့ည‌နေ‌စောင်းတွင် ‌ကော့ကရိတ် အဝင် အာရှလမ်း ကျိုက်ဒုံလမ်းခွဲ‌နေရာ၌ ‌လောင်စာဆီတင်ကား ပစ်ခတ်ခံရကာ မီး‌လောင်သွားခဲ့ပြီး‌နောက် တစ်ဆက် တည်းတွင် စစ်‌ကောင်စီနှင့် နယ်‌မြေခံ KNLA တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုများ ည ၉နာရီအထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ‌ဒေသတွင် စစ်‌ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ယ‌နေ့ ဇန်နဝါရီလ ၈ရက်‌နေ့အထိ တစ်‌နေကုန်နီးပါး လက်နက်ကြီးများ ‌ကျေးရွာအတွင်း ကျ‌ရောက်‌ပေါက်ကွဲကာ မြို့‌ဟောင်းရွာသူ ၈ဦး ဒဏ်ရာရရှိသွားခဲ့ သည်။

Photo: KWO