Home သတင်း ‌လေး‌ကေ‌ကော်တွင် တိုက်ပွဲ စတင်ဖြစ်ပွား

‌လေး‌ကေ‌ကော်တွင် တိုက်ပွဲ စတင်ဖြစ်ပွား

1239

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ယ‌နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင် က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)နှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွား‌နေပြီဖြစ်သည်ဟု သိရသည်။

‌လေး‌ကေ‌ကော်တွင် ‌နေထိုင်သူတစ်ဦးက “အခုလက်နက်ကြီးနဲ့ အရင်ပစ်ကြပြီ။ အလုံး ၂ဝ ‌ကျော်‌လောက်ရှိပြီ။ အခု ပစ်တုန်းပါပဲ။ ‌လေး‌ကေ‌ကော်က‌နေ PDF ရှိတယ်လို့ သူတို့ယူဆတဲ့‌နေရာ‌တွေကို လက်နက်ကြီး‌တွေ ပစ်‌နေတယ်။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူနယ်‌မြေ ‌လေး‌ကေ‌ကော် မြို့သစ်ရပ်ကွက်များအတွင်း အာဏာသိမ်းစစ်‌ကောင်စီအား ဆန့်ကျင်သည့် နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူများ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ -PDF များ ခိုလှုံ‌နေထိုင်‌နေသည်ဟုဆိုကာ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များက ယမန်‌နေ့က စတင်ကာ ရပ်ကွက်တွင်း ဝင်‌ရောက် ရှာ‌ဖွေဖမ်းဆီးမှုများလုပ်‌ဆောင်ခဲ့ခြင်း‌ကြောင့် နယ်‌မြေခံ KNLAတပ်ဖွဲ့ နှင့် စစ်‌ရေးတင်းမာလာခြင်းဖြစ်သည်။

” ရပ်ကွက် ၆ အ‌နောက်ဘက်က‌နေပြီး စတင်ထိ‌တွေဖြစ်ပြီး‌တော့ အခုဆိုလို့ရှိရင် ‌လေး‌ကေ‌ကော်ဗျူးပွင့် အ‌မြောက်ကုန်းဘက်ရယ်၊ ‌နောက် ရ‌သေ့ဂူဘက်ရယ်၊ အဲဘက်‌တွေအထိ ဆက်ပြီး ထိ‌တွေ့‌နေတယ်။ KNLA စခန်းကုန်းဘက်ကို သူတို့ စစ်‌ကြောင်းက ‌ရွေ့သွားတာနဲ့ စပြီး‌တော့ အခုထိ‌တွေ့တာ အနည်းဆုံး သုံး‌နေရာမှာ အခုချိန်ထိ ကြိုကြား၊ ကြိုကြား ပစ်ခတ်‌နေတုန်းပဲ”ဟု ‌လေး‌ကေ‌ကော်မြို့သစ်အုပ်ချုပ်‌ရေးတာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးကလည်း ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် လက်ရှိတွင် ‌ဒေသခံပြည်သူ ၄၀ဝ ‌ကျော်မှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေခဲ့ကြပြီဟု သိရသည်။