Home သတင်း ထားဝယ်ရှိ PDF စခန်းတစ်ခု အသိမ်းခံရ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

ထားဝယ်ရှိ PDF စခန်းတစ်ခု အသိမ်းခံရ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

1752

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နယ် ‌မောင်မယ်‌ရှောင်ရွာအုပ်စု ‌ခေါင်တိုင်ပြင်ရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်‌ကောင်စီ တပ်များက ဒီဇင်ဘာလ ၂၁ရက်‌နေ့၊ မနက်ပိုင်းတွင် ဝင်‌ရောက်စီးနင်းခဲ့ပြီး နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရ
သည်။

ဒီဇင်ဘာလ ၂၁ရက်၊ မနက် ၆:၃ဝ ဝန်းကျင်ခန့်အချိန်မှစ၍ စစ်‌ကောင်စီတပ်များနှင့် PDF တပ်ဖွဲ့ဝင်များအကြား အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ်ဘက်က စစ်‌ကြောင်းနှစ်‌ကြောင်းဖြင့် စတင် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ် သည်ဟု ‌ဒေသခံများက ဆိုသည်။

ညင်း‌ထွေးရွာမှ တပ်အင်အား ၃ဝခန့်ရှိ စစ်‌ကောင်စီ စစ်‌ကြောင်းနှင့် တပ်အင်အား ၃ဝခန့်ရှိ ဇီးကျရွာဘက်မှ စစ်‌ကြောင်း များက အဆိုပါ PDF စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စခန်းအသိမ်းခံရပြီး‌နောက် PDF တပ်ဖွဲ့များသည် စစ်‌ကောင်စီတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့‌သော်လည်း ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်း တို့နှင့် နီးစပ်သူများ၏ ‌ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်တွင် ‌ခေါင်တိုင်ပြင်ရွာမှာ ‌ဒေသခံပြည်သူ ၃၀၀‌ကျော်မှာ စစ်‌ဘေး‌ရှောင်‌နေရပြီး ၎င်းတို့အတွက် အဝတ်အ ထည်၊ ‌စောင်၊ အ‌နွေးထည် စသည်တို့ အ‌ရေး‌ပေါ် လိုအပ်လျှက်ရှိ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

‌နောက်ဆုံးရရှိသည့်သတင်းအရ ယ‌နေ့၊ ဒီဇင်ဘာလ ၂၂ရက် မနက်ပိုင်းတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက အင်အားတိုး ချဲ့ကာ ကင်းပုန်းများချထားကြသလို PDF တပ်ဖွဲ့ဘက်ကလည်း အဖွဲ့ ၅ဖွဲ့နှင့် အင်အားစုကာ ပြင်ဆင်ထား‌ကြောင်း PDF နှင့်နီးစပ်သူ အဆိုပါ‌ဒေသခံက ‌ပြောသည်။

ထားဝယ်မြို့နယ်အတွင်း၌ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၈) လက်‌အောက်ခံ တပ်ရင်း ၁ဝရင်းရှိပြီး ၎င်းတို့မှာ ‌ခြေမြန်တပ်ရင်း-ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၃)၊ (၄၀၄)၊ (၄၀၅)၊ (၄၀၆)၊ (၄၀၇)၊ (၄၀၈)၊ (၄၀၉)နှင့် (၄၁၀)တပ်ရင်းများ ဖြစ်ကြသည်။