Home သတင်း ဝင်း‌ရေးမြို့နယ်တွင် စစ်‌ကောင်စီနှင့် နယ်‌မြေခံ YPDF ကြား တိုက်ပွဲ(၂)ကြိမ်ဖြစ်

ဝင်း‌ရေးမြို့နယ်တွင် စစ်‌ကောင်စီနှင့် နယ်‌မြေခံ YPDF ကြား တိုက်ပွဲ(၂)ကြိမ်ဖြစ်

1708

ဒီဇင်ဘာ ၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူနယ်‌မြေ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် ကနင်က‌မော့‌ကျေးရွာအုပ်စုတွင် ယ‌နေ့(ဒီဇင်ဘာလ ၇ရက်)တွင် နယ်‌မြေခံ YPDF နှင့် စစ်‌ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု ‌ဒေသ ခံများထံမှ သိရသည်။

နှစ်ဖက် ထိပ်တိုက်တိုက်ပွဲမှာ မနက် (၈)နာရီဝန်းကျင်တွင် လိ‌မ္မော်ခြံနှင့် ‌အောင်သ‌ပြေရွာကြားတွင် တစ်ကြိမ်၊ မွန်းလွှဲ (၁)နာရီ‌ကျော်တွင် ‌အောင်သာယာနှင့် ကနင်က‌မော့ရွာကြားတွင် တစ်ကြိမ် ဖြစ်ပွားခြင်းဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

စစ်ကားအစီး (၃၀)၊ တပ်ဖွဲ့ဝင်အင်အား တစ်ရာခန့်နှင့်အတူ ရိက္ခာများသယ်‌ဆောင်လာကာ ‌ရေးမြို့ဘက်မှ တက်လာ ခြင်းဖြစ်ပြီး လမ်းတွင် နယ်‌မြေခံ YPDF နှင့် ထိပ်တိုက် ‌တွေ့ဆုံခဲ့ကြသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီတပ် ဘက်မှ ထိခိုက်မှုရှိ‌သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်း YPDF ဘက်က ‌ပြောသည်။

ပစ်ခတ်မှုတွင် YPDF ဘက်မှ ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ကားမှာ ဆန်၊ ရိက္ခာ‌တွေပါလာတယ်။ လမ်းမှာ ကျ‌နော်တို့အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်တာက ၂ကြိမ်‌ပေါ့။ ဒါ‌ပေမယ့် သူတို့တပ်ကြားမှာ အချင်းချင်းမှာပစ်တာလည်း ရှိ‌သေး တယ်။ ပြီး‌တော့ ‌ဘေးလမိုင်းရွာ‌ရောက်တဲ့အချိန်မှာလည်း ရွာမှာ လက်နက်ကြီးနဲ့ သူတို့ ပစ်ထည့်တာလည်း ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယမန်‌နေ့ကလည်း ၎င်း‌ဒေသရှိ ‌ဘေးလမိုင်း‌ကျေးရွာတွင် နယ်‌မြေခံ KNLA နှင့် စစ်‌ကောင်စီတပ် ခမရ(၁၀၆) တို့ ပစ်ခတ်မှုတစ်ကြိမ် ဖြစ်ခဲ့ပြီး အဆိုပါထိပ်တိုက်ပစ်ခတ်မှုတွင် စစ်‌ကောင်စီတပ်ဘက်မှ (၃)ဦးကျဆုံးကာ KNLA ဘက် က ထိခိုက်မှုမရှိ‌ကြောင်း ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ‌ဒေသတွင် တိုက်ပွဲ နှစ်ရက်ဆက်တိုက် ဖြစ်ပွားသည့်အတွက် ‌ဘေးလမိုင်း၊ ‌အောင်သ‌ပြေ‌ကျေးရွာနှင့် အနီးအနား ရှိ ‌ကျေးရွာများမှ ‌ဒေသခံအ‌မြောက်အများ တိမ်း‌ရှောင်‌နေရသည်ဟု ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ဒေသခံ‌တွေက ဟိုတစ်စုဒီတစ်စု ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတာ‌ပေါ့‌နော်။ အချို့က မ‌နေ့ကတည်းက တိမ်း ‌ရှောင်‌နေရတာ။ ဒီအချိန်မှာလည်း ‌ရော်ဘာခြစ်တဲ့အချိန်၊ ပြီး‌တော့ စပါးရိတ်ရမယ့်အချိန်လည်း ဖြစ်တယ်။ ဘာမှမ လုပ်ရဲ‌တော့ဘူး အကုန်ထားပြီး တိမ်း‌ရှောင်‌နေရတယ်‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်၊ ည‌နေပိုင်းက ဝါ‌ပေါ်‌ကျေးရွာ‌နေ ဆင်ထိန်းသမားတစ်ဦးကို PDF ဆိုပြီး စွပ်စွဲကာ စစ် ‌ကောင်စီ ခလရ(၁၀၆)တပ်ရင်းက ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု KNU ဒူးပလာယာခရိုင်၏ သတင်းစာမျက်နှာ၌ ‌ဖော်ပြထားသည်။