Home သတင်း မယ်လစခန်း ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ပျက်စီးထိခိုက်မှုများပြား‌ကြောင်း တာဝန်ရှိသူများ ‌ပြောဆို

မယ်လစခန်း ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ပျက်စီးထိခိုက်မှုများပြား‌ကြောင်း တာဝန်ရှိသူများ ‌ပြောဆို

1658

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယမန်‌နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် စခန်းတွင်း‌နေထိုင်သူများမှ စခန်းတာဝန်ရှိသူများအ‌ပေါ် ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒ‌ဖော်ထုတ်‌ဖော်မှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အပြီး စခန်းလုံခြုံ‌ရေး‌နေရာများနှင့် ကား၊ ဆိုင်ကယ်တချို့ ပျက်စီးခဲ့သလို ဆန္ဒပြလူငယ်တချို့လည်း ထိခိုက်မှုရှိခဲ့‌ကြောင်း စခန်းတာဝန်ရှိသူများ ထံမှ သိရသည်။

နှာ‌ခေါင်းစည်း (မာ့ခ်) မတပ်ထားသည့် ဆိုင်ကယ်စီးနင်းလာသူ စခန်းသားနှစ်ဦးအား စခန်းရှိ ထိုင်းအာဏာပိုင် ဖြစ်သူ (ပလပ်) က ဆိုင်ကယ်‌ပေါ်မှဆွဲချပြီး ဆိုင်ကယ် သိမ်းဆည်းမှု ဖြစ်စဉ်ဖြစ်ပွားရာမှ ‌ထောင်နှင့်ချီ သည့် ပြည်သူများ ဆန္ဒပြမှု ဖြစ်‌ပေါ်လာခြင်းဖြစ်ပြီး ‌ဒေါသအလွန်ထွက်‌နေသည့် လူအုပ်ကြီးမှ အဆိုပါ တာဝန်ရှိသူ များ၏ ရုံးခန်းအ‌ဆောက်အဦးများ၊ ကားများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ပျက်စီးမှု‌တော့ ‌တော်‌တော်‌လေးဖြစ်သွားတယ်။ ရုံး‌နေရာ‌တွေ‌ကော၊ ကား‌ကော၊ ‌အော‌ဆော် (စခန်းတွင်း လုံခြုံ‌ရေး) ‌နေရာ‌တွေ‌ကော။ ဒါ‌ပေမဲ့ ပျက်စီးမှု အ‌ခြေအ‌နေ အ‌သေးစိတ်‌တော့ မသိရ‌သေးဘူး။ အဲ့‌နေရာမှာ ထိုင်းစစ်သား ‌တွေ ဝင်ထိန်းထားတယ်” ဟု စခန်း ဥက္ကဌ ဖြစ်သူ ‌စော‌အောနက်က ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ကိစ္စရပ်အ‌ပေါ် လတ်တ‌လောတွင် သက်ဆိုင်ရာ စခန်းတွင်း တာဝန်ရှိသူများနှင့် ထိုင်းအာဏာပိုင်များအကြား တစ်စုံတစ်ရာ ‌ခေါ်ယူညှိနှိုင်း‌ဆွေး‌နွေးနိုင်ခြင်းမရှိ‌သေးသလို စခန်းလုံခြုံ‌ရေး ရယူ‌နေသည့် ထိုင်းဘက်မှ တာဝန်ရှိသူများအ‌နေဖြင့်လည်း စခန်းတွင်း မ‌နေရဲကြ‌တော့ဘဲ တိမ်း‌ရှောင်သွားပြီဖြစ်‌ကြောင်း စခန်း တာဝန်ရှိသူများက ဆိုသည်။

“အခုအချိန်ထိ‌တော့ ဘာညှိနှိုင်း‌ဆွေး‌နွေးမှုမှ မလာ‌သေးဘူး။ အခုအဲ့မှာ ရှိတဲ့(‌အော‌ဆော်)‌တွေလည်း ညက တည်းက ‌ပြေးကုန်ပြီး။ အခုက စစ်တပ်ပဲရှိတယ်။ စစ်တပ်က‌တော့ သူတို့နဲ့ မဆိုင်ဘူး။ သူတို့က ဝင်ထိန်း‌ပေး တာပဲ။ အခုက မြို့နယ်အဆင့် တာဝန်ရှိသူ‌တွေကို ‌စောင့်‌နေတုန်း၊ စခန်း‌ကော်မတီအ‌နေနဲ့လည်း ဘာမှ မလုပ် တတ်‌သေးဘူး။” ဟု ကရင်ဒုက္ခသည်‌ကော်မတီ (KRC) အတွင်း‌ရေးမှူး ပဒို‌စောပွယ်‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ည ဖြစ်စဉ်တွင် စခန်းထဲရှိ ကား ၁ဝ စီးခန့် နှင့် ဆိုင်ကယ် အစီး ၂ဝခန့် ပျက်စီးသွား‌ကြောင်း စခန်းတွင်း ‌နေထိုင်သူများက ဆိုပြီး စခန်းတွင်းရှိ ရပ်ကွက် အားလုံးနီးပါးမှ လူထုများပါဝင်ဆန္ဒ‌ဖော်ထုတ်ခဲ့ခြင်းဖြစ်‌ကြောင်း လည်း မျက်မြင်သက်‌သေများက ‌ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်‌ပေါ်လာရသည့် အ‌ခြေခံအ‌ကြောင်းအရင်းမှာ စခန်းလုံခြုံ‌ရေး ရယူ‌နေသည့် အာဏာပိုင်များနှင့် တာဝန်ရှိသူအချို့အ‌နေဖြင့် ကိုဗစ်ကပ်‌ရောဂါကာလ စခန်းအတွင်း အပြင်ဝင်ထွက်မှု ကန့်သတ်ထားချိန် ‌ငွေ‌ကြေး ‌ပေးစွမ်းနိုင်သူများကို မျက်နှာသာ‌ပေး ဝင်ထွက်သွားလာခွင့်ပြုထားပြီး သာမန်စခန်းတွင်း ‌နေထိုင်သူများအ‌ပေါ် ဖိအား‌ပေး ကန့်သတ်မှုများရှိ‌နေခြင်းအ‌ပေါ် စခန်း‌နေ ပြည်သူများ၏ မ‌ကျေနပ်မှု ‌ပေါက်ကွဲ ထွက်‌ပေါ် လာရခြင်း အ‌ခြေခံအ‌ကြောင်းအရင်းများသာဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူ တစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “အဓိကက ဒီစခန်းထဲမှာ စီးပွား‌ရေး လက်ဝါးကြီးအုပ်ထားတဲ့ သူတစ်‌ယောက်ရှိတယ်။ သူက စခန်း အာဏာပိုင်‌တွေနဲ့ အပိုင်‌ပေါင်းထားပြီး စခန်းတွင်း ပစ္စည်းဝင်ထွက်မှု‌တွေကို လက်ဝါးကြီးအုပ်ထားတာနဲ့လည်း ဆိုင်တယ်။ ‌နောက်တစ်ခုက စခန်းအပြင်ထွက်ဖို့ ‌ထောက်ခံစာယူတဲ့အခါ တစ်‌စောင်ကို ဘတ်တစ်‌ထောင် ‌လောက်‌ပေးပြီး စီးပွား‌ရေးလုပ်တဲ့သူ‌တွေက အပြင်ထွက်၊ ‌ဈေးဝယ်တာ‌တွေလုပ်ခွင့်‌ပေးတယ်။ ဒီက သာမန်လူထုကျ‌တော့ မ‌ပေးနိုင်‌တော့ မထွက်ရဘူး။ အဲ့လို မ‌ကျေနပ်မှု‌တွေရှိ‌နေချိန်မှာ ပလပ်က လူထု‌ရှေ့မှာ အာဏာပြပြီး ဆိုင်ကယ် သိမ်း၊ ဘာသိမ်းလုပ်‌တော့ ဖြစ်‌တော့တာ‌ပေါ့။ “ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောတွင် စခန်းအတွင်းရှိ သက်ဆိုင်ရာ စခန်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်မှူးများမှ ရုံးတွင် အစည်းအ‌ဝေး ပြုလုပ်‌နေကြ‌ကြောင်း နှင့် လတ်တ‌လောဖြစ်ပွားခဲ့သည့် ကိစ္စရပ်အ‌ပေါ် မည်သို့ မည်ပုံ ‌ဖြေရှင်း သွားမည်ကို မသိရှိရ‌သေး‌ကြောင်း စခန်းတွင်း ‌နေထိုင်းသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ‌မြောက်ဘက် ကီလိုမီတာ ၆ဝ အကွာအ‌ဝေးရှိ မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးစခန်းတစ်ခုဖြစ်ပြီး ဒုက္ခသည် ၄ ‌သောင်းခန့် ခိုလှုံလျက်ရှိသည်။