Home သတင်း ဗုံး‌ပေါက်ကွဲမှုဖြစ်ပြီး‌နောက် မြဝတီမြို့ ‌ဈေးပွဲ‌တော်ဖျက်သိမ်း

ဗုံး‌ပေါက်ကွဲမှုဖြစ်ပြီး‌နောက် မြဝတီမြို့ ‌ဈေးပွဲ‌တော်ဖျက်သိမ်း

873

ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဗုံး‌ပေါက်ကွဲမှုများ ဖြစ်သွားပြီး‌နောက် မြဝတီမြို့ဓိဌာန်‌အောင်ဘုရားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိ‌သော ‌ဈေးပွဲ‌တော်မှဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်းသွား‌ကြောင်း သိရသည်။

ယမန်‌နေ့ညက ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ခဲ့သည့်အတွက် ယ‌နေ့ နံနက်ပိုင်းမှာ ‌ဈေးဆိုင်ခန်းတစ်ချို့ ပြန်လည်ဖျက်သိမ်း‌နေခြင်းကို ‌တွေ့ရသည်ဟု မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီမနက် ဓိဌာန်‌အောင်ဘုရားကွင်း ‌ဈေးပွဲ‌တော်က ဆိုင်ခန်း‌တွေ ပြန်ဖျက် ‌နေကြတယ်။ မ‌နေ့ညက ဒီ‌နေရာ ဝန်း ကျင်မှာ ဗုံးနှစ်လုံး ‌ပေါက်ကွဲခဲ့‌တော့ ‌ဈေးသည်‌တွေလည်း ‌ဈေးဆက်မ‌ရောင်းရဲတဲ့အတွက် ညကတည်းက ပိတ်ထားကြတာ။ ဒီ‌နေ့မနက် မှာ‌တော့ ဆိုင်ခန်းတစ်ချို့ ပြန်ဖျက်‌နေတာ ‌တွေ့ရတယ်” ဟု ၎င်း‌နေရာအနီး‌နေထိုင်သူ က ‌ပြောသည်။

ယမန်‌နေ့ ဒီဇင်ဘာ ၁၈ ရက်‌နေ့ ည ၆ နာရီခွဲ အချိန်ခန့်နှင့် ၈ နာရီ အချိန်တို့တွင် အဆိုပါ ‌ဈေးပွဲ‌တော်ကျင်းပရာ အမှတ် ၄ ရပ်ကွက် ဓိဌာန်‌အောင်ဘုရားကွင်းအနီး ဗုံးနှစ်လုံး‌ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီး ညပိုင်းမှာပင် ‌ဈေးပွဲ‌တော်ပိတ်ခဲ့သလို ယင်း‌နေရာအနီးပတ်ဝန်းကျင်ရှိ အာဝါ‌ဒေး‌လောင်းကစားဝိုင်းများလည်း ပိတ်သွားခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်‌နေ့ကစခဲ့သည့် မြဝတီ‌တောင်ခြမ်း ၉ မိုင်ခန့်အကွာ ‌လေး‌ကေ ‌ကော်‌ဒေသတိုက်ပွဲတွင် ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး ယမန်‌နေ့ညက လက်နက်ကြီး ပစ်ခတ်သံများကို မြို့တွင်းမှ အတိုင်းသား ကြား‌နေရ၍ မြို့‌နေပြည်သူများစိုးရိမ်ထိတ်လန့် လျက်ရှိ‌နေကြသည်။

လက်ရှိ ‌လေး‌ကေ‌ကော်တိုက်ပွဲအခြအ‌နေမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA နှင့် မဟာမိတ်အဖွဲ့များမှ‌လေး‌ကေ‌ကော်မြို့နှင့် အနီးဝန်းကျင်‌ဒေသ မြဝတီမြို့နှင့် ၅ မိုင်ခန့်အကွာ မယ်‌ထော်သ‌လေး‌ကျေးရွာအထိ နယ်‌မြေစိုးမိုးနိုင်သည်ဟု သိရသည်။
ထို့အပြင် တဖက်စစ်‌ကောင်စီဘက်မှလည်း လက်နက်လူသူအင်အားဖြည့် တင်းမှုများဖြင့် စစ်‌ရေးပြင်ဆင်‌နေ၍ ယခင်ရက်များထက် ပိုမိုကြီးမားသည့် တိုက်ပွဲများဖြစ်ကာ မြဝတီမြို့တွင်းသို့ စစ်မီးကူးစက်လာနိုင်‌ကြောင်း ‌ဒေသခံပြည်သူများအကြား ‌ပြောဆိုမှုများရှိ‌နေသည်။