Home သတင်း ကုလအ‌နေဖြင့် အ‌ရေး‌ပေါ်စည်း‌ဝေးကာ ‌လေ‌ကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ရန် KNU ‌တောင်းဆို

ကုလအ‌နေဖြင့် အ‌ရေး‌ပေါ်စည်း‌ဝေးကာ ‌လေ‌ကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ရန် KNU ‌တောင်းဆို

1495

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ တိုက်ပွဲပြင်းထန်‌နေ‌သော ‌လေး‌ကေ‌ကော်‌ဒေသတွင် စစ်‌ကောင်စီက ‌လေ‌ကြောင်းတိုက်ခိုက်မှုများ အချိန်မ‌ရွေး ပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီး၍ အ‌ရေး‌ပေါ်အစည်းအ‌ဝေးကျင်းပကာ ‌လေ‌ကြောင်းပျံသန်းမှု ကင်းမဲ့ ဇုန်အဖြစ် သတ်မှတ်‌ပေးရန် KNU-ကရင်အမျိုးသားအစည်းအရုံးက ဒီဇင်ဘာလ ၂ဝရက်‌နေ့က ‌တောင်းဆိုလိုက်သည်။

KNU ထုတ်ပြန်ချက် ‌ပြော‌ရေးဆိုခွင့်ရှိသူ ပဒို‌စောတာဒို့မူးက ‌လေး‌ကေ‌ကော်တိုက်ပွဲတွင် ပိုမို ဆိုးဝါးပြင်းထန်သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဖြစ်‌စေနိုင်‌သော ‌လေ‌ကြောင်းတိုက်ခိုက်မှုဖြစ်လာပါက ပြည်တွင်း‌ရေးသာမက ‌ဒေသတွင်း တည်ငြိမ်‌ရေးကိုပါ ခြိမ်း‌ခြောက်မှုရှိလာသည့်အတွက် ကုလသမဂ္ဂမှ‌နေ၍ ‌လေ‌ကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်‌ပေးရန် ‌တောင်းဆိုရခြင်းဖြစ်သည်ဟု ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပဒို‌စောတာဒို့မူးက “အင်မတန် ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ‌လေ‌ကြောင်းတိုက်ခိုက်မှု ‌ကြောင့်လည်း အချိန်မ‌ရွေး ဖြစ်‌ပေါ်လာနိုင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ‌လေ‌ကြောင်းက‌နေလာပြီး‌တော့ ‌ထောက် လှမ်းဓာတ်ပုံရိုက်ပြီး‌တော့ ယူသွားတဲ့ဟာ‌တွေလည်း ‌နေ့တိုင်းနီးပါး ရှိတာ‌ပေါ့‌နော်။ ‌လေယာဉ်‌တွေပျံလာတာ သုံး‌လေးခါ ရှိတယ်။ တချို‌နေ့‌တွေဆိုရင် ငါးခါ‌လောက်အထိ ရှိတယ်‌ပေါ့‌နော်။ ဒါ‌တွေက တစ်ဖက်မှာခြိမ်း‌ခြောက်တာဖြစ်သလို၊ အချိန်မ‌ရွေးလည်း တကယ်လုပ်နိုင်တဲ့ အ‌နေအထားရှိတဲ့အတွက်‌ကြောင့် ဒီဟာက တကယ်ဆိုးဝါးပါတယ်။ အဲဒါ ‌ကြောင့် ဒါကို တစ်ကမာ္ဘလုံးက‌ရော၊ ကျ‌နော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံက‌ရော ဟန့်တားနိုင်ဖို့ ကျ‌နော်တို့‌တောင်းဆိုတာ ဖြစ်တယ်။”ဟုလည်း ဖြည့်စွက်‌ပြောဆိုသည်။

စစ်‌ကောင်စီမှ ‌လေး‌ကော်မြို့သစ်အ‌ပေါ် တပ်အင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၂ဝရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည့် KNU ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ၏ ‌ကြေညာချက်တွင် အဆိုပါ ‌တောင်းဆိုချက် အပြင် စစ်‌ကောင်စီအ‌နေဖြင့် ကျဆင်း‌နေသည့် ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းသည့်အ‌နေဖြင့် ၎င်းတို့၏ တပ်ဖွဲ့ဝင် များအား တိုက်ပွဲဖြစ်ပွားရာ အဆိုပါ‌ဒေသမှ ပြန်လည် ရုပ်သိမ်း‌ပေးရန်လည်း ပါရှိသည်။

ထို့အပြင် စစ်‌ကောင်စီအတွင်းရှိ တပ်ဗိုလ်၊တပ်မှူးများအ‌နေဖြင့်လည်း ကျရှုံးသည့်နိုင်ငံအဖြစ်သို့ ‌ရောက်ရှိ‌နေ‌သော မိမိ တို့၏နိုင်ငံကို ပြန်လည်ကယ်ဆယ်သည့်အ‌နေဖြင့် ပြည်သူလူထုဘက်တွင် ပူး‌ပေါင်းပါဝင်သွားရန်နှင့် တိုက်ပွဲ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေသူများအား နိုင်ငံတကာအဖွဲ့မှ ဝင်‌ရောက်‌တွေ့ဆုံခွင့်နှင့် လိုအပ်သည့်အကူအညီများ ‌ပေးအပ် နိုင်‌ရေးအတွက် ကူညီပံ့ပိုးမှုများကို စီစဉ်‌ဆောင်ရွက်‌ပေးရန် အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရကိုလည်း ‌တောင်းဆိုထား သည်။

ကုလသမဂ္ဂအသိုင်းအဝိုင်းနှင့် နီးစပ်သူ ‌ရှေ့‌ပြေးအသံအဖွဲ့ ဘုတ်ဒါရိုက်တာ မခင်ဥမ္မာက “ဒါက ငြိမ်းချမ်း‌ရေးနဲ့ လုံခြုံ‌ရေး အတွက် အ‌ရေးတကြီး လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ပြည်သူလူထုအတွက် KNU ရဲ့ မှန်ကန်တဲ့‌တောင်းဆိုမှု ဖြစ်တယ်။ NCA လက်မှတ်‌ရေးထိုးထားတဲ့ KNU နဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့(EAO)‌တွေက ကုလ သမဂ္ဂလုံခြုံ‌ရေး‌ကောင်စီနဲ့ ကုလအ‌ထွေ‌ထွေ အတွင်း‌ရေးမှူးဆီကို တိုက်ရိုက်ဆက်သွယ်ပြီး ‌လေ‌ကြောင်းပျံသန်းမှုကင်းမဲ့ ဇုန် ချက်ချင်း သတ်မှတ်‌ပေးဖို့ ‌တောင်းဆိုကြပါလို့ အကြံပြုချင်ပါတယ်။”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

Photo: CJ

KNU ၏‌ကြေညာချက်ထဲတွင် စစ်‌ကောင်စီ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများနှင့် နိုင်ငံ‌ရေးယုံကြည်ချက်‌ကြောင့် ဖမ်း ဆီးနှိပ်စက်သတ်ဖြတ်ခံရခြင်း ကင်းလွတ်‌ရေးအတွက် ‌လေး‌ကေ‌ကော်မြို့သစ်သို့ တိမ်း‌ရှောင်လာသူများဖြစ်‌သော နိုင်ငံ ‌ရေးသမားများ၊ အကြမ်းမဖက် ဆန့်ကျင်သူများ၊ တက်ကြွလှုပ်ရှားသူများ ‌ခေတ္တခဏ ခိုလှုံ‌နေကြသူအား လူသားချင်း စာနာ‌ထောက်ထားမှု အ‌ခြေခံမှ KNU က ကာကွယ်‌စောင့်‌ရှောက်‌ပေးခြင်းဖြစ်‌ကြောင်း ‌ပြောဆိုထားသည်။

ဒီဇင်ဘာ ၁၅ရက်‌နေ့က စတင် ဖြစ်ပွားခဲ့‌သော တိုက်ပွဲများသည် အဆိုပါ‌ခေတ္တခဏ တိမ်း‌ရှောင်‌နေသူများအား အတင်း အဓမ္မ ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်း၊ ‌နေအိမ်များအား ရိုက်ချိုးဖျက်ဆီးပစ်ခြင်း၊ မိမိတို့၏တပ်ဖွဲ့ဝင်များအား စစ်‌ရေးအရ အင် အားသုံး ဖိအား‌ပေးပြီး အကြမ်းဖက်တိုက်ခိုက်လာခြင်း‌ကြောင့် KNU အ‌နေဖြင့် မိမိကိုယ်မိမိ ခုခံကာကွယ်ရသည့် အ‌ခြေ ခံမှ ဖြစ်‌ပေါ်လာရခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ‌ပြောဆိုသည်။

ထုတ်ပြန်‌ကြေညာချက်၌ စစ်‌ကောင်စီ၏ စစ်တပ်က အနာဂတ်နိုင်ငံ‌ရေးတွင် ပါဝင်စွက်ဖက်မှုများမှ ဆုတ်ခွာ‌ကြောင်း ကတိ‌ပေးလုပ်‌ဆောင်ခြင်း၊ နှစ်‌ပေါင်း(၇၀)‌ကျော်ကြာမြင့်ခဲ့ပြီး ပိုမိုပြင်းထန်လာ‌နေသည့် ပြည်တွင်းစစ် ချုပ်ငြိမ်း‌ရေး၏ အ‌ဖြေမှာ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုကို ထူ‌ထောင်ခြင်းသည်သာဖြစ်‌ကြောင်းလည်း KNU က ‌တောင်းဆိုထား ခဲ့သည်။

“အထူးသဖြင့် ပိုပြီးအ‌ရေးကြီးတာက‌တော့ အနာဂတ်နိုင်ငံ‌ရေးမှာ သူတို့(စစ်တပ်)အ‌နေနဲ့ လုံးဝ ပါဝင်စွက်ဖက်မှု မရှိ ‌တော့ဘူးဆိုတဲ့ ကတိကဝတ်‌လေး ‌ပေးမယ်ဆိုရင်‌တော့ ပြည်သူလူထု‌တွေ အားလုံးဝမ်းသာပြီး‌တော့ ဖက်ဒရယ်တည် ‌ထောင်‌ရေးဆိုင်ရာလုပ်ငန်းစဉ်‌တွေ ချမှတ်မယ်ဆိုရင် ဒီဟာက ကျ‌နော်တို့နိုင်ငံရဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်း‌ရေးရဲ့အ‌ဖြေ သာလျှင်ဖြစ်တယ် ဆိုတာကို ကျ‌နော်တို့ မီး‌မောင်းထိုးပြတာဖြစ်ပါတယ်။”ဟုလည်း ပဒို‌စောတာဒို့မူးက ‌ပြောသည်။

တိုက်ပွဲ‌ကြောင့် ထိုင်းနိုင်ငံသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြသူ ၃၀၀၀‌ကျော်အပြင် ဒီဇင်ဘာလ ၁၉ရက်‌နေ့တွင် ‌နောက် ထပ် စစ်‌ဘေး‌ရှောင်ပြည်သူ ၂၀၀၀‌ကျော်ကို လူသားချင်း စာနာ‌ထောက်ထားမှုအ‌ခြေခံဖြင့် နယ်စပ်ဖြတ်ခွင့်၊ ‌ခေတ္တလက် ခံ‌နေရာချထား‌ပေးသည့် ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုအား ‌ကျေးဇူးတင်သည့်အပြင် သင့်‌တော်သည့် ‌နေရာထိုင် ခင်းရရှိ‌ရေးအတွက်ပါ ‌မျှော်လင့်‌ကြောင်း KNU က ‌ပြောသည်။

၎င်းအပြင် ‌ဘေးလွတ်ရာ တိမ်း‌ရှောင်‌နေရသူများ လိုအပ်သည့် အစားအ‌သောက်၊ ‌ဆေးဝါးနှင့် ယာယီခိုလှုံ‌ရေး လိုအပ်မှု များ ကူညီ‌ထောက်ပံ့‌ပေး‌နေသည့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ၊ တိုင်းရင်းသား ပြည်သူလူထုများ၊ ပြည်တွင်း နှင့် နိုင်ငံတကာအဖွဲ့များကလည်း ဆက်လက်၍ ပူး‌ပေါင်း‌ဆောင်ရွက်မှုများ တိုးမြှင့်လုပ်‌ဆောင်သွားကြရန် KNU ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။