Home သတင်း ကြာအင်းဆိပ်ကြီးမြို့ အထက်တန်း‌ကျောင်းမှ ဆရာမ ၁ဦးနှင့် ‌ကျောင်းသား ၂ဦးတွင် ကိုဗစ်ပိုး‌တွေ့ရှိ

ကြာအင်းဆိပ်ကြီးမြို့ အထက်တန်း‌ကျောင်းမှ ဆရာမ ၁ဦးနှင့် ‌ကျောင်းသား ၂ဦးတွင် ကိုဗစ်ပိုး‌တွေ့ရှိ

1598

ဒီဇင်ဘာ ၁၁ရက်၊ ၂ဝ၂၁ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့ရှိ အထက်တန်း‌ကျောင်းတွင် တာဝန်ကျ‌နေသည့် ‌ကျောင်းဆရာမ ၁ဦးနှင့် ‌ကျောင်းသား ၂ဦးတို့ တွင် ဒီဇင်ဘာ ၁ဝ ရက်‌နေ့က ကိုဗစ်‌ရောဂါပိုး စစ်‌ဆေး‌တွေ့ရှိရသည်ဟု မြို့ခံများ၏‌ပြောဆိုချက်များအရ သိရသည်။

ကိုဗစ်ပိုး‌တွေ့ရှိသည့် ဆရာမနှင့် ‌ကျောင်းသား ၁ဦး၊ ‌ကျောင်းသူ ၁ဦးတို့ကို ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့‌ဆေးရုံတွင် ကုသမှု ခံယူ‌နေရလျှက်ရှိပြီး အခြား‌ကျောင်းသား‌ကျောင်းသူများနှင့် ဆရာမအချို့မှာလည်း အနံ့‌ပျောက်ခြင်း လက္ခဏာ ရှိ‌နေသည့်အတွက် ၎င်းတို့၏‌နေအိမ်များ၌သာ ‌နေထိုင်‌စေပြီး သွားလာမှု ကန့်သတ်ထား‌ကြောင်း လူမှုကယ်ဆယ်‌ရေး အဖွဲ့ဝင်များက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ‌ကျောင်းသားမိဘတစ်ဦးက “ကိုဗစ်‌တွေ့တာ မှန်ပါတယ်ရှင်။ ဆရာမ ၁ဦး၊ ‌ကျောင်းသား ၁ဦးနဲ့ မ ၁ဦး‌ပေါ့‌နော်။ အပြင်မှာလည်း ဆရာမ‌တွေနဲ့ အခြား‌ကျောင်းသား ၅၊ ၆‌ယောက် အနံ့မရတာ ရှိ‌သေးတယ်။ သူတို့ကို‌တော့ အသွားအလာကန့်သတ်ထားတယ်။ ထိ‌တွေ့ထားတဲ့ စာသင်‌ကျောင်းမှာ ကယ်ဆယ်‌ရေးအဖွဲ့‌တွေသွားစစ်တာ ကူးစက်မှု မ‌တွေ့ဘူး။ တချို့‌ကျောင်းသား‌တွေက ‌ကြောက်လို့ ‌ကျောင်းမလာကြတာလည်း ရှိတယ်။”ဟု ဒီဇင်ဘာလ ၁ဝရက်၊ ယမန်‌နေ့က ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ယခုအချိန်တွင် ကိုဗစ်‌ရောဂါပိုး ကူးစက်မှု ပြန်လည်‌တွေ့ရှိလာသည့်အတွက် ‌ကျောင်းသား‌ကျောင်းသူများအား ‌ရောဂါ ကူးစက်မှု ဆက်ဖြစ်လာမည်ကို ‌ကျောင်းသားမိဘများက စိုးရိမ်လျှက်ရှိပြီး ‌ကျေးရွာအချို့တွင် ယ‌နေ့အထိ ကိုဗစ်‌ရောဂါ ပိုး ကူးစက်မှုများ ဖြစ်ပွား‌နေဆဲဖြစ်‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လကစပြီး ကိုဗစ်‌ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီး‌နောက် ကျိုက် ဒုံ၊ ဘုရားသုံးဆူ၊ ဝင်း‌ရော်‌ဒေသနှင့် မြို့‌ပေါ်ရပ်ကွက်များတွင် လူ‌ပေါင်း ၉ဝဝ‌ကျော် ‌ရောဂါကူးစက်ခံခဲ့ရပြီး ၆၉ဦး ‌သေဆုံး ခဲ့ရ‌ကြောင်းလည်း ‌အောက်တိုဘာလ ၁၄ရက်‌နေ့က ကြာအင်းဆိပ်ကြီးမြို့ရှိ “‌အောင်”‌အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအ နားတွင် ပြည်နယ်စစ်‌ကောင်စီ၏ ဝန်ကြီးချုပ် ‌စောမြင့်ဦးက ‌ပြောဆိုခဲ့သည်။