Home သတင်း ‌ကျောက်ကြီးဘက်တွင် စစ်‌ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် က‌လေးငယ်များ ထိခိုက်ဒဏ်ရာရ

‌ကျောက်ကြီးဘက်တွင် စစ်‌ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု‌ကြောင့် က‌လေးငယ်များ ထိခိုက်ဒဏ်ရာရ

1049
Photo: KNU

ဒီဇင်ဘာ ၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ၊ ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ ၃) ‌ကျောက်ကြီးမြို့နယ်ရှိ မူသယ်‌ကျေးရွာထဲတွင် ဒီဇင်ဘာလ (၇)ရက်၊ ယမန်‌နေ့ ညပိုင်းတွင် စစ်‌ကောင်စီတပ်မှ လက်နက်ကြီးနှင့်ပစ်သည့်အတွက် အရွယ်မ‌ရောက်‌သေးသူ က‌လေးနှစ်ဦးနှင့် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရှိသွားသည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

မူသယ်‌ကျေးရွာအတွင်းထဲသို့ လက်နက်ကြီးပစ်ခတ်သည့် စစ်‌ကောင်စီတပ်ဖွဲ့မှာ ခူ‌သေစိုစခန်းရှိ ‌ခြေမြန်တပ်ရင်း-ခမရ (၇၅) တပ်ဖွဲ့ဝင်များဖြစ်သလို ထိုစခန်းကို တပ်ရင်းမှူး‌အောင်‌ဇော်မိုးနှင့် ဗျူဟာမှူးမင်းထိုက်‌အောင်တို့က ဦး‌ဆောင် သည်ဟုသိရ‌ကြောင်း ‌ကေအဲန်ယူဘက်မှ ထုတ်ပြန်ထားသည်။

‌ညောင်‌လေးပင်ခရိုင်ရှိ ကရင်လူမှု‌ရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက “မ‌နေ့ညက အဲဒီမှာ ပစ်ခတ်မှုဖြစ်‌သေးတယ် ကြား တယ်။ ဖြစ်ပြီး စစ်တပ်က ရွာမှာ လက်နက်ကြီးနဲ့ထုတာ (၃)‌ယောက်ထိသွားတယ်။ ထိတာက ‌ယောက်ကျား‌လေး‌တွေ ချည်းပဲ။ မူသယ်ရွာက မူသယ်လမ်းမကြီး‌ဘေးမှာပဲ ရှိတယ်။ အဲဒီမှာ တစ်လမ်းလုံးမှာ တပ်စခန်း ‌တော်‌တော်များများရှိ တယ်။ မူသယ်ရွာကလည်း တပ်စခန်း‌တွေနဲ့ သိပ်မ‌ဝေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ မူသယ်‌ကျေးရွာ‌နေ ‌စောလွဲ‌နေမူး (၁၃)နှစ်၊ ‌စော‌ပွေး‌ပွေးတုပ် (၁၃)နှစ်နှင့် ‌စော‌နေကျယ်မူး (၂၄)နှစ်တို့ဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ယ‌နေ့ မွန်းလွှဲ (၁)နာရီဝန်းကျင်အချိန်ကလည်း ရိက္ခာအပြည့်အစုံပါသည့် စစ်‌ကောင်စီတပ်ကား ၂၇စီးမှာ ‌ကျောက်ကြီးမြို့သို့‌ရောက်ရှိလာကာ မူသယ်လမ်းမကြီးတစ်‌လျှောက် တပ်မဟာ(၃)နှင့် တပ်မဟာ(၅)အတွင်းရှိ တပ်စ ခန်းများထံ ရိက္ခာပို့ရန်ဖြစ်နိုင်‌ခြေရှိ‌ကြောင်း ‌ဒေသခံများက ခန့်မှန်း‌ပြောဆိုသည်။

မူသယ်လမ်းကြီး‌ပေါ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ‌ကြောင့် မူသယ်ရွာနှင့်နီးသည့်‌ကျေးရွာအချို့မှ ‌ဒေသခံများလည်း ‌နေရပ်စွန့်ခွာထွက်‌ပြေးတိမ်း‌ရှောင်‌နေရကာ ယ‌နေ့ အချိန်ထိ ‌နေအိမ်မပြန်နိုင်‌သေး‌ကြောင်း သိရသည်။