Home သတင်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု လမ်း‌ကြောင်း‌ပေါ်ရှိ လှိုင်ဝဂိတ်တွင် အဖွဲ့စုံဖြင့် စစ်‌ဆေးမှု ပိုမိုတင်းကြပ်‌တော့မည်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှု လမ်း‌ကြောင်း‌ပေါ်ရှိ လှိုင်ဝဂိတ်တွင် အဖွဲ့စုံဖြင့် စစ်‌ဆေးမှု ပိုမိုတင်းကြပ်‌တော့မည်

1133

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၂၁ ခုနှစ် ။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု လမ်း‌ကြောင်း‌ပေါ်ရှိ ‌ကော့ကရိတ်မြို့အထွက် လှိုင်ဝဂိတ်‌နေရာတွင် လာမည့် ဒီဇင်ဘာလ ၁ ရက်မှစ၍ အဖွဲ့စုံဖြင့် ကုန်စည်စီး ဆင်းမှုအား စစ်‌ဆေးမှု ပိုမိုတင်းကြပ်‌တော့မည်ဟု သိရသည်။

ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာကုန်သွယ်‌ရေး လမ်း‌ကြောင်း‌ပေါ်ရှိ လှိုင်ဝဂိတ်‌နေရာတွင် တရားမဝင် ကုန်စည်စီးဆင်းမှုအား ကြပ်မတ်စစ်‌ဆေးနိုင် အတွက် စစ်‌ကောင်စီ၏ ကုန်သွယ်‌ရေးဝန်ကြီးဌာန ဒုညွှန်မှူးအဆင့်ရှိသူကိုယ်တိုင် ဦးစီး၍ ယခင်ကထက် ပိုမိုတင်းကြပ်ကာ စစ်‌ဆေးသွားရန်ရှိ‌ကြောင်း စစ်‌ကောင်စီ ကုန်သွယ်‌ရေးဌာနနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

သူက “မွန်ပြည်နယ် သိမ်ဇရပ်မြို့ စစ်‌တောင်းတံတား အနီးရှိ မရမ်း‌ချောင်ဂိတ် လို ‌ပေါ့။ လာမယ့် ဒီဇင်ဘာ ၁ ရက်‌နေ့ကစ၍ ကုန်သွယ်‌ရေး ဝန်ကြီးဌာန ဒုညွှန်မှူး အဆင့်ရှိသူအပါအဝင် စစ်‌ကောင်စီဌာနဆိုင်ရာ အဖွဲ့စုံဖြင့် လှိုင်ဝဂိတ်မှာ အထိုင်ချပြီး တရားမဝင်ကုန်စည်စီးဆင်းမှုများကို ကြပ်မတ်စစ်‌ဆေးသွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်စည်‌တွေမှာ တရားဝင် အခွန် ‌ဆောင် ထားခြင်း ရှိမရှိ အဓိကထား စစ်‌ဆေးမှာ ဖြစ်သလို မြန်မာဘက်က ပို့ကုန်‌တွေ အ‌ပေါ်မှာလည်း ကြပ်မတ်စစ်‌ဆေးသွားလိမ့်မယ်” ဟု ‌ပြောသည်။

ယခုလို လှိုင်ဝဂိတ်တွင် မရမ်း‌ချောင်ဂိတ်ကဲ့သို့ ပိုမိုတင်းကြပ်သည့် အ‌နေ အထားဖြင့် စစ်‌ဆေးရုံဖြင့် တရားမဝင်ကုန်စည်စီးဆင်းမှုကို အချိန်တိုအတွင်း လွယ်လွယ်ကူကူနှင့် ထိန်းချုပ်၍ ရရှိနိုင်မှာမဟုတ်‌ကြောင်း မြဝတီနယ်စပ် ကုန်သည်သွယ်‌ရေးနှင့် နီးစပ်သူတစ်ဦးက ‌ထောက်ပြ‌ပြောဆိုသည်။

” ‌ကော့ကရိတ် လှိုင်ဝဂိတ် မ‌ရောက်ခင်စပ်ကြား မြဝတီမြို့အထွက် သဃင်္န်းညီ‌နောင် အဖွဲ့စုံဂိတ်နားမှာတင် ကုန်တင်ယာဉ်‌တွေ ဖြတ်ဖို့အတွက် ကြားခံလူ‌တွေက အကျိုး‌ဆောင် ‌ပေး‌နေကြတာ‌တွေက အစဉ်အလာလို ဖြစ်‌နေတာ။ ‌ရှောင်ကွင်းလမ်း ‌တွေကလည်းများတယ်။ ‌သေချာတာက တရားမဝင်ကုန်စည် စီးဆင်းမှု ‌လျှော့နည်းလာခြင်းထက် အဂတိလိုက်စားမှု ပိုမိုများပြားလာပြီး ကုန်သည်‌တွေအ‌နေနဲ့ ယခင်ကထက် ‌ငွေကုန်‌ကြေးကျ ပို၍များလာဖွယ် ရှိတယ်” ဟု ၎င်းမြဝတီနယ်စပ် ကုန်သည်သွယ်‌ရေးနှင့် နီးစပ်သူ ‌ပြောသည်။

မြဝတီနယ်စပ်တွင် ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ်၊ မတ်လ မှစ၍ ကိုဗစ်-၁၉ ဂယက်‌ကြောင့် ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်‌ရေးတံတားနှင့် နယ်ခြား‌သောင်ရင်းမြစ်ကမ်း တ‌လျှောက်ရှိ ‌လှေဂိတ် ၃ဝ ‌ကျော်အား လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ပြီးနှစ်နိုင်ငံကုန်သွယ်မှုအတွက် မဲ့‌ဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်‌ရေး တံတားမှာသာ တရားဝင်ကုန်သွယ်မှုအတွက် ခွင့်ပြုလျက်ရှိသည်။