Home သတင်း တိုင်းရင်းသား‌ဒေသများတွင် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ရေး CTF အရှိန်အဟုန်မြှင့် လုပ်‌ဆောင်မည်

တိုင်းရင်းသား‌ဒေသများတွင် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ရေး CTF အရှိန်အဟုန်မြှင့် လုပ်‌ဆောင်မည်

1229
တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့၏ အုပ်ချုပ်မှုနယ်‌မြေတစ်‌နေရာတွင် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးမှု မြင်ကွင်း ( Photo_CTF)

နိုဝင်ဘာ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသား‌ဒေသများရှိ ‌ဆေးထိုးနှံ‌ပေးနိုင်‌ရေးကိစ္စကို အရှိန်အဟုန်မြှင့်ကာ ဆက်လက် ‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)၏ ကျန်းမာ‌ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်း များ ပူး‌ပေါင်းဖွဲ့ထားသည့် COVID-19 ကာကွယ်ထိန်းချုပ်ကုသ‌ရေးအဖွဲ့(CTF)က နိုဝင်ဘာလ ၂ဝရက်‌နေ့တွင် ‌ကြေညာ ချက်ထုတ်ကာ ‌ပြောဆိုလိုက်သည်။

တိုင်းရင်းလက်နက်ကိုင် လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်နယ်‌မြေ‌ဒေသထဲတွင် ကိုဗစ်ကာ ကွယ်‌ဆေး ရရှိသင့်သူများအားလုံးအတွက် ကာကွယ်‌ဆေးထိုးနှံမှုလုပ်ငန်းကို အရှိန်အဟုန်မြင့်ရန် လုပ်‌ဆောင်မည့် အ‌ခြေအ‌နေနှင့်ပတ်သက်၍ ထုတ်ပြန်ချက်၏ ‌ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပထမလမ်း‌ကြောင်းက Pilot Project Program အ‌နေနဲ့ နိုင်ငံတကာမှာရှိ‌နေတဲ့ အလှူရှင်မိတ်‌ဆွေ‌တွေနဲ့ အ‌ခြေခံပြီးမှ ပဲ ကျ‌နော်တို့ ‌ဆေးရရှိနိုင်‌ရေး‌ပေါ့‌နော်။ ကိုယ့်ဟာကိုယ် ဝယ်ယူ၊မှာယူပြီး‌တော့မှ ‌ဆေးရရှိနိုင်တဲ့နည်းလမ်းတစ်ခု၊ ဒုတိ ယလမ်း‌ကြောင်းက‌တော့ ကိုဗစ်ကာကွယ်‌ဆေးနဲ့ပတ်သက်ပြီး‌တော့ တစ်စုတစ်ဖွဲ့မကဘဲနဲ့ တစ်ကမာ္ဘလုံးနဲ့ ပတ်သက် တဲ့ အ‌ရေးကိစ္စဖြစ်တဲ့အတွက်‌ကြောင့် ကျ‌နော်တို့နိုင်ငံအတွက် မဖြစ်မ‌နေ ‌ဆောင်ရွက်ရမယ့် WHO က သတ်မှတ်ထား တဲ့ အနည်းဆုံး ၂ဝ ရာနှုန်း‌သော လူဦး‌ရေကို ကိုဗစ်ကာကွယ်‌ဆေးက လက်ခံရရှိမယ်ဆိုတဲ့ အ‌ခြေခံချမှတ်ချက်အရ နိုင်ငံတကာက‌နေ တိုက်ရိုက်အကူအညီ‌ပေးတဲ့ ‌ဆေးဝါးကိုလည်း လက်ခံရရှိနိုင်ဖို့လည်း ကြိုးစား‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် လူတိုင်း ကိုဗစ်ကာကွယ်‌ဆေးထိုးနှံရန် ၎င်းတို့အ‌နေဖြင့် COVAX Facility၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးလျက်ရှိပြီး ကာကွယ်‌ဆေး ရရှိနိုင်ရန် အလားအလာများ တိုးတက်မှုရှိ‌သော် လည်း အ‌နှောင့်အယှက်ကင်းပြီး လုံခြုံ‌သော ကာကွယ်‌ဆေး ထိုးနှံနိုင်‌ရေးမှာ စိန်‌ခေါ်မှုများရှိ‌နေသည်ဟုလည်း CTF က ‌ပြောသည်။

ပဒိုမန်းမန်းမန်းက “‌ဆေးဝါးအကူအညီ‌တွေက‌တော့ အ‌ခြေခံအားဖြင့်‌တော့ အစိုးရတစ်ခုနဲ့တစ်ခုကြား G to G ‌ပေါ့ဗျာ။ တာဝန်ခံရတဲ့အပိုင်း ဖြစ်တဲ့အခါကျ‌တော့ ကျ‌နော်တို့နိုင်ငံရဲ့အ‌ခြေအ‌နေက လက်ရှိမှာ NUG အစိုးရအ‌ပေါ်မှာ နိုင်ငံတ ကာရဲ့ လက်ခံအသိအမှတ်ပြုမှုမှာ မူတည်သလို တစ်ဆက်ထဲမှာ စစ်‌ကောင်စီကလည်းပဲ လက်ရှိထိန်းချုပ်မှုမှာ ရှိ‌နေ ‌သေးတဲ့အခါကျ‌တော့ ဘယ်လိုအစိုးရနိုင်ငံက‌နေ ကိုယ်စားပြုမလဲဆိုတာကိုက စိန်‌ခေါ်မှုကြီးတစ်ခု ဖြစ်‌နေတယ်‌ပေါ့။ သို့‌သော်လည်းပဲ နိုင်ငံတကာ ယူအဲန်‌အေဂျင်စီ အသိုင်းအဝိုင်းက‌တော့ စစ်‌ကောင်စီနဲ့‌ရော၊ NUG အစိုးရရဲ့ ကျန်းမာ‌ရေး ဌာနနဲ့‌ရောက‌တော့ ညှိနှိုင်းမှု‌တွေ ရှိ‌နေပါတယ်။”ဟု ဆက်‌ပြောသည်။

အဆိုပါကာကွယ်‌ဆေးထိုး‌ရေးကိစ္စကို အမြန်ပြီး‌မြောက်‌အောင်မြင်နိုင်‌ရေးအတွက် လိုအပ်‌သော ဘဏ္ဍာ‌ငွေနှင့် ‌ဆေးဝါးအ‌ထောက်အကူပြုပစ္စည်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပြည်တွင်းပြည်ပရှိ ‌စေတနာရှင်များအ‌နေဖြင့် ကူညီပံ့ပိုးနိုင်‌ကြောင်းလည်း CTF က တိုက်တွန်း‌ပြောဆို သည်။

လတ်တ‌လောတွင် CTF ၏ ညှိနှိုင်း‌ဆောင်ရွက်ထားမှုအရ မွန်၊ ကရင်၊ ကရင်နီ၊ ရှမ်းပြည်နယ်ရှိ နယ်စပ်‌ဒေသများတွင် COVID-19 ကာကွယ်‌ဆေးထိုးနှံမှု အစီအစဉ်ကို စတင် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လျက်ရှိရာ အစီအစဉ်အရ ထိုပြည်နယ် ၄ ခုမှ ကျန်းမာ‌ရေးလုပ်သားများ အပါအဝင် လူဦး‌ရေ ၁၀၀ဝ အား Sinopharm Vaccine များ ပထမအကြိမ် ထိုးနှံ‌ပေးခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ဒုတိယအကြိမ် ထိုးနှံ‌ပေးမည်ဖြစ်‌ကြောင်း CTF က ‌ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့၏ အုပ်ချုပ်မှုနယ်‌မြေတစ်‌နေရာတွင် ကိုဗစ်ကာကွယ်‌ဆေးထိုးနှံ‌ပေးမှု မြင်ကွင်း ( Photo_CTF)

ထို့အပြင် တိုင်းရင်းသား‌ဒေသအတွင်း က‌လေးငယ်များအား ကာကွယ်‌ဆေးထိုးနှံ‌ပေးခဲ့‌သော အ‌တွေ့အကြုံများစွာ ရှိခဲ့ သည့်အ‌လျောက် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများအ‌နေဖြင့် COVID-19 ကာကွယ်‌ဆေးထိုးနှံခြင်း ကနဦး အစီ အစဉ်ကို အခက်အခဲမရှိ ‌ဆောင်ရွက်နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယခုအစီအစဉ်သည် တိုင်းရင်းသား‌ဒေသများ ပူး‌ပေါင်းညှိနှိုင်း၍ ကာကွယ်‌ဆေးထိုးနှံသည့် ပထမဆုံး ‌ဆောင်ရွက်မှုတစ် ခုဖြစ်ပြီး မွန်၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များမှ တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းများ၏ ချိတ်ဆက်‌ဆောင် ရွက်မှုနှင့် CTF အဖွဲ့မှ ညှိနှိုင်းပံ့ပိုး‌ဆောင်ရွက်မှုများ၏ ‌အောင်မြင်မှုရလဒ်တစ်ခု ဖြစ်သည်ဟု CTF က ‌ပြောသည်။

CTF အ‌နေဖြင့် ကာကွယ်‌ဆေးထိုးနှံခြင်းဆိုင်ရာ အ‌သေးစိတ် အစီအစဉ်များ‌ရေးဆွဲခြင်း၊ ကာကွယ်‌ဆေး စနစ်တကျ ထိုးနှံနိုင်‌ရေးနှင့် ကာကွယ်‌ဆေးစနစ်တကျ သို‌လှောင်ထိန်းချုပ်နိုင်‌ရေးဆိုင်ရာ သင်တန်းများ‌ပေးခြင်း၊ ကာကွယ်‌ဆေး ထိုးနှံပြီး‌ကြောင်း အ‌ထောက်အထားကတ်ပြားများ ‌ဒေသအလိုက် ‌ပေးအပ်နိုင်‌ရေး စသည့်ကိစ္စများတွင် CTF အ‌နေဖြင့် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းပံ့ပိုး‌ပေးခဲ့ပြီး လိုအပ်‌သော ‌ဆေးနှင့် ‌ဆေးပစ္စည်းများကို ‌ထောက်ပံ့‌ပေးခဲ့သည်ဟု ဆိုသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့၊ စစ်တပ် အာဏာသိမ်းခဲ့ပြီး‌နောက် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီ ညွတ်‌ရေးအစိုးရ-NUG ၏ ကျန်းမာ‌ရေးဝန်ကြီးဌာနတို့သည် ယခုနှစ် ဩဂုတ်လ ၂ရက်မှ ၅ ရက်‌နေ့အထိ ‌လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကျန်းမာ‌ရေးညီလာခံတွင် အမျိုးသားကျန်းမာ‌ရေး ‌ကော်မတီ(NHC)ကို ဖွဲ့စည်းခဲ့ကြသည်။

ထို‌ကော်မတီကို ဖက်ဒရယ်ကျန်းမာ‌ရေးမူဝါဒ ‌ရေးဆွဲသွားရန်နှင့် မူဝါဒများ ထိန်းညှိရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌအဖြစ် ပဒိုမန်းမန်းမန်းနှင့် ဒု-ဥက္ကဋ္ဌ(၁)အဖြစ် NUG ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ဝန်ကြီး ‌ဒေါက်တာ‌ဇော်‌ဝေစိုးတို့က ဦး‌ဆောင်ကာ အဖွဲ့ဝင် ၂၁ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

၎င်း‌နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းများကို ထိ‌ရောက်စွာ လုပ်‌ဆောင်နိုင်ရန်အတွက် တိုင်းရင်း သားကျန်းမာ‌ရေး‌ကော်မတီ(EHC)‌ခေါင်း‌ဆောင်များနှင့် အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG)၏ ကျန်းမာ‌ရေးဝန်ကြီးဌာ နတို့ ပူး‌ပေါင်းကာ Covid-19 Task Force (CTF)ကို ဇူလိုင်လ ၂၂ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CTF တွင် တိုင်းရင်းသားကျန်းမာ‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါက်တာ စင်သီယာ‌မောင်က အဖွဲ့‌ခေါင်း‌ဆောင်၊ အမျိုးသားညီ ညွတ်‌ရေးအစိုးရအဖွဲ့၏ ကျန်းမာ‌ရေးဝန်ကြီး ‌ဒေါက်တာ‌ဇော်‌ဝေစိုးက ဒုအဖွဲ့‌ခေါင်း‌ဆောင်အဖြစ် တာဝန်ယူကြပြီး ကျန်းမာ‌ရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ကျန်တာဝန်ရှိသူများနှင့် တတ်သိပညာရှင် များက အဖွဲ့ဝင်များဖြင့် ပါဝင်ခဲ့ကြသည်။