Home သတင်း ကြာအင်းဆိပ်ကြီးမြို့ ‌အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ KNU ဒူးပလာယာခရိုင် ‌ခေါင်း‌ဆောင်များ တက်‌ရောက်

ကြာအင်းဆိပ်ကြီးမြို့ ‌အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ KNU ဒူးပလာယာခရိုင် ‌ခေါင်း‌ဆောင်များ တက်‌ရောက်

1074

‌အောက်တိုဘာ ၁၄ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ “‌အောင်” ဟိုတယ်ဝင်းအတွင်း တည်‌ဆောက်ပြီးစီးသွားသည့် ‌အောက်ဆီဂျင်စက်ရုံအား ယ‌နေ့ ‌အောက်တိုဘာ ၁၄ ရက်‌နေ့တွင် စက်ရုံဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ KNU ဒူးပလာယာခရိုင်၊ KNLA တပ်မဟာ (၆) ‌ခေါင်း‌ဆောင်များနှင့် ပြည်နယ်‌ကောင်စီ ဥက္ကဌတို့ တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်‌ကောင်စီ ဥက္ကဌ ‌စောမြင့်ဦး၊ KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ KNLA တပ်မဟာ (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောဆာမိ‌စေးဖိုး၊ ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော် (DKBA)၊ နယ်ခြား‌စောင့်တပ် (BGF) နှင့် စစ်‌ကောင်စီတပ် အမှတ် (၂) အ‌ခြေချ စစ်ဗျူဟာမှူးတို့ တက်‌ရောက်ခဲ့ကြသည်ဟု မြို့ခံများ ထံမှ သိရသည်။

ပြည်နယ်‌ကောင်စီဥက္ကဌက “ပြည်နယ်မှာ ‌အောက်ဆီဂျင်အပြည့်အဝမရတဲ့ ပြဿနာ ရင်ဆိုင်ခဲ့ရတယ်။ ကျန်းမာ‌ရေးလိုအပ်ချက်အရ ‌အောက်ဆီဂျင်စက်ရုံ‌တွေ တည်‌ဆောက်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ ‌အောက်ဆီဂျင်လုံလုံ‌လောက်‌လောက်ရရှိဖို့ နည်းလမ်း‌ပေါင်းစုံ ကြိုးစားခဲ့ရတယ်။ ပြည်နယ်အ‌နေနဲ့ ၃ ရာခိုင်နှုန်းပဲ ကူးစက်မှုရှိ‌တော့တယ်။ လက်နက်ကိုင်အဖွဲ့ရှိတဲ့‌နေရာမှာလည်း ကာကွယ်‌ဆေး ‌တွေ ထိုး‌ပေး‌နေတယ်။ ‌ရောဂါကူးစက်မှုကျ‌အောင် ‌ဆောင်ရွက်‌နေတယ်” ဟု အခမ်းအနားတွင် ထည့်သွင်း ‌ပြောဆိုသည်။

‌အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်‌ရေးအတွက် ကြာအင်းဆိပ်ကြီးမြို့ “‌အောင်” ဟိုတယ်လုပ်ငန်းမှ မတည်တည်‌ဆောက်ပြီး ယခုစက်ရုံကို တည်‌ဆောက်ပြီးစီးသွားပြီဖြစ်၍ ကျိုက်ဒုံ၊ ဘုရားသုံးဆူနှင့် ဝင်း‌ရော်‌ဒေသရှိ ကိုဗစ်စင်တာများတွင် ‌အောက်ဆီဂျင် လုံလုံ‌လောက်‌လောက် ‌ဆောင်ရွက်‌ပေးနိုင်မည်ဟု မြို့ခံများက ‌ပြောဆိုကြသည်။

ကြအင်းဆိပ်ကြီးမြို့နယ်တွင် လူ‌ပေါင်း ၉ဝဝ ‌ကျော် ကိုဗစ်‌ရောဂါ ကူးစက်ခံခဲ့ရပြီး ကိုဗစ်‌ရောဂါ‌ကြောင့် လူ ၆ဝ ‌ကျော် ‌သေဆုံးခဲ့ရသည်ဟု တာဝန်ရှိသူထံမှ သိရသည်။