Home သတင်း အာဆီယံအစည်းအ‌ဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရ‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်‌ပြော

အာဆီယံအစည်းအ‌ဝေးတက်ရန် ဖိတ်ကြားခံရသည့်ကိစ္စ မသိရ‌ကြောင်း ‌ဒေါက်တာစင်သီယာ‌မောင်‌ပြော

1139

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မကြာခင် ကျင်းပ‌တော့မည့် အာဆီယံထိပ်သီးအစည်းအ‌ဝေးသို့ မဲ‌ဆောက်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း၏ ဒါရိုက်တာ ‌ဒေါက်တာစင်သီယာ‌မောင် တက်‌ရောက်ရန် ဖိတ်ကြားခံရသည်ဟု သတင်းထွက်‌ပေါ်‌နေမှုနှင့်ပတ်သက်၍ သူမအ‌နေဖြင့် မသိရှိရ‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “ကျမ ဘာမှမသိရဘူး‌နော်၊ အဲလို‌တော့ လာ‌မေးကြတာပဲ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌အောက်တိုဘာလ ၂၅ရက် ‌နေ့လည်တွင် ‌ပြောသည်။

လာမည့် ‌အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်‌နေ့အထိ ကျင်းပရန်ရှိသည့် အာဆီယံ ထိပ်သီး အစည်းအ‌ဝေးပွဲသို့ နိုင်ငံ‌ရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ် စားလှယ်အဖြစ် တက်‌ရောက်ရန် ‌ဒေါက်တာစင် သီယာ‌မောင် ဖိတ်ကြားခြင်းခံခဲ့ရ သည်ဟု လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်လာခြင်းဖြစ်သည်။

ထိုအာဆီယံ ထိပ်သီး အစည်းအ‌ဝေးပွဲသို့ စစ်‌ကောင်စီ ‌ခေါင်း‌ဆောင်မင်း ‌အောင်လှိုင်ကို ပါဝင်တက်‌ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံ‌ရေးနှင့် ပတ်သက်မှု မရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်‌ရောက်ခွင့်‌ပေးသွားမည်ဖြစ် ‌ကြောင်း ယခုလ‌အောက်တိုဘာလ ၁၅ ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ၏ အ‌ရေး‌ပေါ် နိုင်ငံခြား‌ရေးရာ ဝန်ကြီးများအစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။